နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ နှင့် ဆောင်ရွက်မည့် အကျိုးတူ လယ်ယာ စနစ်ဖြင့် သီးနှံများ စိုက်ပျိုး ထုတ်လုပ်ရေး စီမံကိန်း လုပ်ငန်းညှိနှိုင်း
  • Wed, 2 November 2022

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ နှင့် ဆောင်ရွက်မည့် အကျိုးတူ လယ်ယာ စနစ်ဖြင့် သီးနှံများ စိုက်ပျိုး ထုတ်လုပ်ရေး စီမံကိန်း လုပ်ငန်းညှိနှိုင်း



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန် စီမံမှု ဖြင့် ပြည်သူလူထု၏ လူမှု စီးပွားဘဝနှင့် နိုင်ငံတော်၏ စီးပွားရေး အခြေအနေကို ပြန်လည်မြှင့်တင်နိုင်ရန် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် တောင်သူ လယ်သမားများ ၏ သီးနှံစိုက်ပျိုး ထုတ် လုပ် မှု နှင့် အထွက်နှုန်း မြင့်မား ရေး၊ အရည် အသွေး ကောင်း သီးနှံများ စိုက်ပျိုး ထုတ်လုပ်ပြီး ဈေးနှုန်း နှင့် ဈေးကွက် အာမခံချက် ရရှိရေး၊ သီးထပ် စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်စေပြီး ဝင်ငွေ မြင့်မား လာစေရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန က အကောင် အထည် ဖော် ဆောင်ရွက်မည့် အကျိုးတူ လယ်ယာ Contract Farming စနစ် ဖြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းတွင် လုပ်ငန်းစဉ် အလိုက် ပေါင်းစပ် ဆောင်ရွက်ကြမည့် ပြည်ထောင်စု ဝန်ကြီးဌာနများ၏ လုပ်ငန်း ညှိနှိုင်း ဆွေးနွေးပွဲ ကို နိုဝင်ဘာလ (၁)ရက်နေ့ ညနေပိုင်း က စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်း အဝေး သို့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး ၊ သမဝါယမ နှင့် ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးများဖြစ်ကြသော  ဦးမောင်မောင်ဝင်း ၊ ဒေါက်တာအောင်ကြီး နှင့် အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။


    အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က အကျိုးတူ လယ်ယာ စနစ် သီးသန့် စိုက်ပျိုးထုတ်လုပ်မှုနှင့် စပ်လျဉ်း ၍ နိုင်ငံတော် က  လမ်းညွှန်ထားသည့် အကျိုးတူကန်ထရိုက်လယ်ယာ Contract Farming စနစ်ဖြင့် နွေစပါး ဧက  ၈.၅ သိန်း ၊ ဆောင်း ပဲတီစိမ်း ဧက ၅ သိန်း စိုက်ပျိုး ထုတ်လုပ် ရေး အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြည်ထောင်စု ဝန်ကြီးဌာနများ အကြား ပေါင်းစပ် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ တောင်သူများ လက်ဝယ်သို့ သွင်းအားစုများ တိုက်ရိုက် ရောက်ရှိပြီး ထွက်ကုန်များ အတွက် ဈေးကွက် နှင့် ဝင်ငွေခိုင်မာစွာ ရရှိစေရေး အကျိုးတူ လယ်ယာလုပ်ငန်း အစီအမံများ ကို ရှင်းလင်း ပြော ကြား သည်။




ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က  အကျိုးတူ လယ်ယာ (Contract Farming) စနစ် ဆောင်ရွက် ရခြင်း ၏ ရည်ရွယ်ချက် နှင့်ပတ်သက်၍လည်းကောင်း၊ အကျိုး တူ လယ်ယာစနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်မည့်  နွေ စပါး၊ ပဲတီစိမ်း သီးနှံ ပုံစံများ နှင့် ဆက်လက် ဆောင် ရွက် မည့် အစီအစဉ်များ ကိုလည်းကောင်း၊ မြန်မာ နိုင်ငံ ဆန် စပါး အသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်း၊ မြန်မာ နိုင်ငံ မြေဩဇာ၊မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေး လုပ်ငန်း ရှင်များ အသင်း နှင့် သမဝါယမ အသင်းများ အပါ အဝင် ပူးပေါင်းပါဝင် ဆောင်ရွက် မည့် အဖွဲ့ အစည်း များ ၏ လုပ်ငန်းစဉ် အလိုက် ညှိနှိုင်း ဆောင်ရွက် ထားပြီး ဖြစ်သည့် အကျိုးတူ လယ်ယာ စနစ်ဖြင့် သီးနှံများ စိုက်ပျိုး ထုတ်လုပ်ခြင်း လုပ်ငန်း အစီ အစဉ် များ ကို ရှင်းလင်း တင်ပြသည်။



ဆက်လက်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည် မြောင်း ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး က အကျိုးတူ လယ်ယာ (Contract  Farming)    စနစ်ဖြင့် ဆောင်ရွက်မည့် ဝန်ဆောင်မှု ဆိုင်ရာနည်းလမ်းများကိုလည်းကောင်း၊ စိုက်ပျိုး ထွက်ရှိ လာမည့် သီးနှံများ အား ဈေးကွက် သို့ တင်ပို့ ရောင်းချခြင်းဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင် ဆောင်ရွက် ကြမည့် ဝန်ကြီးဌာနအသီးသီး၏ အခန်း ကဏ္ဍ များ ကို လည်းကောင်း ရှင်းလင်းတင်ပြသည်။


အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က အကျိုးတူ လယ်ယာစနစ်ဖြင့် သီးနှံများ စိုက်ပျိုး ထုတ်လုပ်ရေး စီမံကိန်းလုပ်ငန်း အတွက် အသုံးပြုမည့် နိုင်ငံ့ စီးပွား မြှင့်တင်ရေး ရန်ပုံငွေ  ကို အကျိုးရှိ ထိရောက်စွာ သုံးစွဲနိုင်ရန် ဘဏ္ဍာရေး ဆိုင်ရာ လုပ်ထုံး လုပ်နည်း များ နှင့် ပတ်သက်၍ လည်းကောင်း၊



ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော် က လယ်ယာကဏ္ဍ တွင် သွင်းအားစု များ အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ခြင်းဖြင့် သီးထပ် စွမ်းအား နှင့် သီးနှံအထွက်နှုန်း တိုးတက် လာပြီး ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေ တိုးတက် လာ မည် ဖြစ်၍ စီမံကိန်းလုပ်ငန်းများ ရည်မှန်းချက် ပြည့် မီ စွာ အကောင်အထည်ဖော်နိုင်ရေး လိုအပ် ချက် များ ကို လည်းကောင်း ၊




သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး က ကျေးလက်နေ ပြည်သူများအား လယ်ယာ ကုန်ထုတ် သမဝါယမ အသင်းအဖွဲ့များ တိုးချဲ့ ဖွဲ့စည်းပေးပြီး သီးနှံ မျိုးကောင်း မျိုးသန့်အသုံးပြုရေး သွင်းအားစု မှန်ကန်ရေး နှင့် အရည် အသွေး ကောင်း ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေး ခြင်းဖြင့် ရေရှည် တွင် ကျေးလက် နေ ပြည်သူများ၏ လူနေမှု အဆင့် အတန်း မြင့်မား တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ကိုလည်းကောင်း၊


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး က နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့ရောင်းချမည့် လယ်ယာ ထွက်ကုန် သီးနှံများ အရည်အသွေး ပြည့်မီရေး ၊ ဈေးကွက်အာမခံချက် နှင့် အကျိုး အမြတ် ရရှိရေး အတွက် ထုတ်လုပ်မှု ကွင်းဆက် တစ်လျှောက် တွင် ပါဝင်ပတ်သက်သော လုပ်ငန်းများ အချိတ် အဆက် မိမိ ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း ဆွေးနွေး ပြောကြား ကြသည်။




ထို့နောက် ဒုတိယဝန်ကြီးများ နှင့် အစည်းအဝေး တက်ရောက်လာကြသူများက  အကျိုးတူ စီမံကိန်း လုပ်ငန်း ထိရောက် အောင်မြင်စွာ အကောင် အထည် ဖော် ဆောင်ရွက် နိုင်ရေး အတွက် သက်ဆိုင်ရာ ကဏ္ဍ အလိုက်ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများ၊ ရန်ပုံငွေ လေလွင့်ဆုံးရှုံးမှု မရှိစေရေး နှင့် ချေးငွေများ အပြည့်အဝ ပြန်လည်ရရှိပြီး နောက်ရာသီများတွင် ဆက်လက် အကောင်အထည် ဖော်နိုင် သဖြင့် ဘက်စုံ ကဏ္ဍစုံ ရေရှည် အကျိုး ဖြစ်ထွန်း စေရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိ သည်။