စီမံခန့်ခွဲမှုစနစ် အားကောင်း လာစေရေးအတွက် ဝန်ထမ်းဖွဲ့စည်းပုံတာဝန်ပေးအပ်ရာတွင် ဂရုပြု ဆောင်ရွက်ရန် လိုအပ်
  • Thu, 8 September 2022

စီမံခန့်ခွဲမှုစနစ် အားကောင်း လာစေရေးအတွက်  ဝန်ထမ်းဖွဲ့စည်းပုံတာဝန်ပေးအပ်ရာတွင် ဂရုပြု ဆောင်ရွက်ရန် လိုအပ်


 စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ၊ လယ်ယာကဏ္ဍ၏ ထုတ်လုပ်မှု အရည်အသွေး နှင့် တောင်သူ့ဝင်ငွေ တိုးတက်ရေး အတွက် နည်းပညာပိုင်းအရ အထောက် အကူပြု လုပ်ငန်းများ ဆောင်ရွက်နေကြသည့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူအဆင့်ဆင့် ၏ သက်ဆိုင်ရာကဏ္ဍ အလိုက် နည်းပညာ ကျွမ်းကျင်မှု တိုးတက်ရေး၊ စွမ်းဆောင်ရည် မြင့်မားရေး အတွက် ဌာနတွင်း မွမ်းမံသင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ စက်တင်ဘာလ(၇)ရက်နေ့ တွင် အလယ်အလတ်အဆင့်အရာထမ်းများ မွမ်းမံသင်တန်း ကို နေပြည်တော် ရုံးအမှတ် (၄၃) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က အဖွင့်အမှာစကားပြောကြားရာ၌ စီမံခန့်ခွဲမှုစနစ် အားကောင်း လာစေရေးအတွက်  ဝန်ထမ်းဖွဲ့စည်းပုံတာဝန်ပေးအပ်ရာတွင် ဂရုပြုဆောင်ရွက်ရန် လိုအပ် ချက်များ၊ နိုင်ငံ၏ စားရေး ဝတ်ရေးဖူလုံစေမှုအတွက် ဆောင်ရွက်လျက်ရှိသည့် ကန်ထရိုက် လယ်ယာစနစ်အပါအဝင် စီမံကိန်း စီမံချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး၊ သီးနှံစိုက်စွမ်းအားတိုးတက်ရေးအတွက် သီးထပ်စိုက်ပျိုးနိုင်ရန် သီးနှံပုံစံများပြောင်းလဲရာတွင်  ဒေသ ရေမြေ နှင့်ကိုက်ညီမှုရှိစေရေး၊ တောင်သူအကျိုးအမြတ်ရှိစေမည့် သီးနှံထုတ်လုပ်မှု ဖြစ်စေရေး အလေးထား ဆောင်ရွက်ရန် လိုအပ်ချက်များ ကို မှာကြားခဲ့သည်။

စက်တင်ဘာလ(၇)ရက်နေ့ နှင့် (၈)ရက်နေ့တို့တွင် ဖွင့်လှစ်သည့် အဆိုပါသင်တန်းတွင် သက်ဆိုင်ရာ ဌာနခွဲညွှန်ကြားရေးမှူးများ နှင့် ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်သူများက ပို့ချဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။