စိုက်ပျိုးရေးကဏ္ဍတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များ အသုံးပြုခြင်းအပေါ် အသိပညာပေးဆွေးနွေးဖလှယ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ
  • Wed, 1 February 2023

စိုက်ပျိုးရေးကဏ္ဍတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များ အသုံးပြုခြင်းအပေါ် အသိပညာပေးဆွေးနွေးဖလှယ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ


မဲခေါင်သိပ္ပံအထောက်အပံ့ဖြစ် မဲခေါင်ဒေသတွင်း ထုတ်လုပ်သူမှ စားသုံးသူအထိ စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး နည်းပညာများဆိုင်ရာ သင်တန်း၏  အဆင့်-၂ အဖြစ် ဆောင်ရွက်သည့် "စိုက်ပျိုးရေးကဏ္ဍတွင် ပြန်လည်ပြည့်ဖြိုးမဲစွမ်းအင်အရင်းအမြစ်များ အသုံးပြုခြင်းအပေါ် အသိပညာပေး ဆွေးနွေးဖလှယ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ" ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ဟိုတယ်ဇုန်ရှိ မြတ်မင်္ဂလာဟိုတယ်၌ ကျင်းပသည်။


အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ၊ ဒေါက်တာရဲတင့်ထွန်းက လယ်ယာကဏ္ဍတွင် တန်ဖိုးမြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေး အသေးစား၊ အငယ်စား နှင့် အလတ်စားလုပ်ငန်းများအတွက် ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေး၊ လယ်ယာသုံးစွန့်ပစ် ပစ္စည်းများ မွေးမြူရေးလုပ်ငန်း၊ ဘေးထွက်ပစ္စည်းများ အသုံးပြု၍ ဇီဝစွမ်းအင် ထုတ်လုပ်ခြင်းကို ကျေးလက်နေပြည်သူများ၏ တပိုင်တနိုင် စီးပွားရေးလုပ်ငန်းများ၌ တွင်ကျယ်စွာ အသုံးပြုနိုင်ရေး ထည့်သွင်းဆောင်ရွက်ရန် ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ Mekong Institute Program Manager Ms. Jian Wang က  အဖွင့်အမှာစကားပြောကြားသည်။


ဆွေးနွေးပွဲတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လျှပ်စစ်စွမ်းအား စီမံရေးဦးစီးဌာန၊ စိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးအင်ဂျင်နီယာဌာနတို့မှ ပညာရှင်များက ရေအားလျှပ်စစ်နည်းပညာ၊ ဇီဝရုပ်ကြွင်းလောင်စာ၊ ဆိုလာနည်းပညာသုံးစနစ်၊ လေအားလျှပ်စစ် နည်းပညာ၊ ဒရုန်းအသုံးပြုခြင်းနည်းပညာနှင့် စိုက်ပျိုးထုတ်လုပ်မှုတွင် ပြန်လည်ဖွံ့ဖြိုးမြဲစွမ်းအင် အသုံးချခြင်းဆိုင်ရာနည်း ပညာရပ် စသည်တို့နှင့် ပတ်သက်၍ ဆွေးနွေးကြရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာကြသူများက မေးမြန်းဆွေးနွေးခြင်း သုံးသပ်အကြံပြုခြင်းများ ဆောင်ရွက်ကြသည်။


တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မဲခေါင်လန်ချန်းဒေသတွင်းနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယမ်နမ်နိုင်ငံများတွင် မဲခေါင်လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြစ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စီမံကိန်းနှစ်အပိုင်းအခြားအလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပထမအသုတ်မှ ပဉ္စမအသုတ်ထိ စိုက်ပျိုးရေးဦးစီးဌာနမှ စီမံကိန်း(၁၉)ခု ဆောင်ရွက်ခွင့် ရရှိခဲ့ပြီး ဆဌ္စမအသုတ်အနေဖြစ် စီမံကိန်း(၁၀)ခု တင်ပြထားခဲ့သည်။ ယခုကျင်းပသည့် စိုက်ပျိုးရေးကဏ္ဍတွင် ပြန်လည်ဖွံ့ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များ အသုံးပြုခြင်းအပေါ် အသိပညာပေးဆွေးနွေးဖလှယ်ခြင်း အလုပ်ရုံဆွေးနွေးပွဲသည် ဆောင်ရွက်ဆဲ စီမံကိန်းလုပ်ငန်းတစ်ခုအဖြစ် ပါဝင်ကြောင်း သိရသည်။