စပါးအပါအဝင် တစ်နှစ် နှစ်သီးမှ သုံးသီးစိုက်ပျိုးနိုင်ရန် ဒေသရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီသည့် သက်တမ်းတို စပါးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲရန် လိုအပ်
  • Sun, 12 March 2023

စပါးအပါအဝင် တစ်နှစ် နှစ်သီးမှ သုံးသီးစိုက်ပျိုးနိုင်ရန် ဒေသရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီသည့် သက်တမ်းတို စပါးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲရန် လိုအပ်


    စပါးအပါအဝင် တစ်နှစ်နှစ်သီးမှ သုံးသီးစိုက်ပျိုးနိုင်ရန် ‌ဒေသရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီသည့် သက်တမ်းတို စပါးမျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲရန် လိုအပ်ကြောင်း၊ မျိုးစေ့ဖူလုံစွာအသုံးပြုနိုင်ရန် မျိုးစေ့ထုတ်လုပ်ငန်းများတွင် တောင်သူများပူးပေါင်းပါဝင် ဆောင်ရွက်ရန်လိုကြောင်း၊ မျိုးစေ့ထုတ်တောင်သူများအတွက် လိုအပ်သည့် နည်းပညာနှင့် အကူအညီများကို မိမိတို့ဝန်ကြီးဌာနက အလေးထား‌ဆောင်ရွက်ပေလျက်ရှိရာ မျိုးစေ့ထုတ် အကျိူးဆောင်တောင်သူအဖြစ်သာမက မျိုးစေ့ထုတ်လုပ်ငန်းရှင်များအဖြစ် ပြောင်းလဲတိုးတက် အောင်မြင်လာစေရေးကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်း‌ဒေသကြီး ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စုရှိ နွေစပါး ဧက(၁၀၀) စံပြကွက်၌ တောင်သူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြု‌ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ဆွေးနွေးပြောကြားခဲ့သည်။

    ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သဲကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာန၊ မျိုးစေ့ဌာနခွဲ၏ ပွဲပြည့်မျိုးသန့်ခြံကို ကြည့်ရှ့စစ်ဆေးပြီး ဒေသ၏စိုက်ပျိုးထုတ်လုပ် မှုတွင် မျိုးကောင်းမျိုးသန့်မျိုးစေ့အသုံးပြုမှု လွှမ်းခြုံနိုင်ရေးအတွက် ဌာန၊ ပုဂ္ဂလိက တောင်သူများ ပူးပေါင်း၍ ဘဏ္ဍာနှစ်အလိုက် မျိုးသန့်မျိုးပွားလုပ်ငန်း တိုးမြှင့်ဆောင်ရွက်နိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

    ထိုနောက် ညနေပိုင်းတွင် ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်နှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်း‌ဒေသကြီး မှော်ဘီမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန မြန်မာ့ဆန်စပါးသုတေသနဌာန၏ လုပ်ငန်းဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်မည့် လုပ်ငန်းများကို ကြည့်ရှ့စစ်ဆေးပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။