တောင်သူလယ်သမားများ၏ အကျိုးစီးပွား အခြေခံလိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးရေရရှိရေး၊ သောက်သုံးရေရရှိရေးနှင့် ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံပျက်စီးခြင်းတို့ ကင်းဝေးစေရန် စနစ်တကျ စီမံဆောင်ရွက်သွားကြရမည်
  • Wed, 15 March 2023

တောင်သူလယ်သမားများ၏ အကျိုးစီးပွား အခြေခံလိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးရေရရှိရေး၊ သောက်သုံးရေရရှိရေးနှင့် ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံပျက်စီးခြင်းတို့ ကင်းဝေးစေရန် စနစ်တကျ စီမံဆောင်ရွက်သွားကြရမည်


တောင်သူလယ်သမား အခွင့်အရေးကာကွယ်‌ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင် အဖွဲ့ စုံညီအစည်းအ‌ဝေး (၁/၂၀၂၃)ကို ယနေ့မွန်လွဲ ၁ နာရီခွဲတွင် နေပြည်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ‌တောင်သူလယ်သမား အခွင့်အရေး ကာကွယ်‌ရေးနှင့် အကျိုးစီးပွားမြှင့်တင်‌ရေးဦးဆောင်အဖွဲ့ အဖွဲ့ခေါင်း‌ဆောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်‌ရောက်အမှာစကားပြောကြားသည်။




အစည်းအဝေးသို့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်‌ရေးနှင့် အကျိုးစီးပွာမြှင့် တင်ရေးဦးဆောင်အဖွဲ့အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံတော်ဗဟိုဘဏ် ဥက္ကဌ၊ ဒုတိယဝန်ကြီးများ၊ အသင်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတက်‌ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများကဗီဒီယိုကွန်ဖရင့်ဖြင့် တက်‌‌ရောက် ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ၊ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးချုပ်က အမှာ စကား ပြောကြားရာတွင် တောင်သူလယ်သမားအခွင့်‌အရေးကာကွယ်‌ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပ‌ဒေ၏ ရည်ရွယ်ချက်မှာ အကောင်အထည်ဖော်ဆောင်နိုင်ရေးနှင့် တောင်သူလယ် သမားအခွင့်အရေးကာကွယ်‌ရေးနှင့် အကျိူးစီးပွားမြှင့်တင်ရေးဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက် များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် ယနေ့အစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍသည် နိုင်ငံတော်၏ အမျိုးသားအသာတင်ကုန်ထုတ်လုပ်မှုတန်ဖိုး၏ ၂၃.၇ ရာခိုင်နှုန်းပါဝင်နေပြီး စိုက်ပျိုးရေး၊မွေးမြုရေးထွက်ကုန်များသည် ပြည်ပပို့ကုန်တွင် အရေး ကြီးသော ပို့ကုန်ဖြစ်ကြောင်း၊ တောင်သူလယ်သမားများ၏ ရသင့်ရထိုက်သောအခွင့်အ‌ရေး များနှင့် အကျိုးစီးပွားများရရှိစေရန် တောင်သူလယ်သမား အခွင့်အ‌ရေးနင့် အကျိူးစီးပွားမြှင့်တင် ရေးဥပဒကို အတည်ပြု ပြဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါဥပဒေ ပုဒ်မ ၄ အရ ‌တောင်သူလယ် သမားအခွင့်အရေး ကာကွယ်‌ရေးနှင့် အကျိုးစီးပွားမြှင့်တင်‌ရေး ဦးဆောင် အဖွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဦးဆောင်၍ အဖွဲ့ဝင် ၃၉ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်များကို တိကျစွာ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီများနှင့် လုပ်ငန်းအဖွဲ့များအနေဖြင့် တောင်သူ လယ်သမားအခွင့်အရေးကာကွယ်‌ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ တောင်သူလယ်သမား အခွင့်အ‌ရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင်တင်ရေးဥပဒေအရ ၂၀၂၂ခုနှစ် နိုဝင်ဘာလတွင် အခြေခံရည်ညွှန်းစပါးဈေးနှုန်း သတ်မှတ်ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ သီးနှံအခြေခံရည်ညွှန်း ဈေးနှုန်း သတ်မှတ်ရေးအဖွဲ့ ဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းအပြင် M&E Two Step Loan အစီအစဉ်ဖြင့် စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများအတွက် ချေးငွေများထုတ်ချေးထား ရှိကြောင်း၊‌ မြေလွတ်၊‌ ‌ မြေလပ်၊ မြေရိုင်းနှင့် သစ်တောမြေများတွင် ခွင့်ပြုချက်ရရှိပြီးသူများ ချေးငွေရရှိနိုင်‌ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်သွားရန် စီမံထားကြောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် ဆိုလာစီမံကိန်း များနှင့် ရေလိုအပ်သည့် နေရာများတွင် သင့်လျော်သည့် Solar System ဆောင်ရွက်နိုင်ရေး အတွက် နည်းပညာကူညီဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ အလားတူ တောင်သူလယ် သမားများ၏ စိုက်ပျိုးရေးနှင့်မွေးမြုရေးဆိုင်ရာ အခက်အခဲများ အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနမှ Call Center များဖွင့်လှစ်ခြင်းနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍နှစ်ပတ်တစ်ကြိမ် သွင်းအားစုဈေးနှုန်း ထုတ်ပြန်ခြင်းတို့ ဆောင်ရွက်ပေးခြင်းရှိသည့်အပြင် ဆီထွက်သီးနှံကဏ္ဍ ဖွံဖြိုးတိုးတက်ရေး အတွက် နေကြာသီးနှံစိုက်ဧက ၁.၅ သန်း တိုးချဲစိုက်ပျိုးရေးအကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိရာ နေကြာစိုက်တောင်သူများအတွက် နိုင်ငံတော်မှ ကျပ် ၁၀၀.၂၄၈ ဘီလီယံအား မိုးနှင့်ဆောင်းနေကြာစိုက်ပျိုးရာသီအတွက် ချေးငွေများထုတ်ချေးလျက်ရှိကြောင်း၊ ၎င်းအပြင် ပြည်သူလူထု၏ ဝတ်ရေးအဆင်‌ပြေစေရေးနှင့် ပြည်ပမှ ချည်မျှင်နှင့်ဝါ ဝယ်ယူမှုသွင်းကုန် အစားထိုး‌ရေးနှင့် ဝါသီးနှံတစ်ဧကအထွက်နှုန်းတိုးတက်ရေး၊ ဝါစိုက်ပျိုးဧရိယာတိုးချဲ့စိုက်ပျိုး နိုင်‌ရေး ရည်ရွယ်၍ ၄ နှစ်တာ အထူးစီမံကိန်းအနေဖြင့် ဧက ၇သိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊‌ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထိ ၄၅၈၃၈၈ ဧက စိုက်ပျိုးထားရှိကြောင်း၊ နိုင်ငံစီးပွားရေးမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ပဲတီစိမ်းဧက ၅ သိန်းနှင့် နွေစပါး ၈.၅ သိန်းဧကအတွက်လည်း နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သုံးစွဲရန် လျားထားဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဖက်ကလည်း တိုင်း‌‌ဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တာရာယ်ကာကွယ်‌ရေးလုပ်ငန်းများကို စီမံချက်များ‌ရေးဆွဲချမှတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တာရာယ်များကြောင့် သီးနှံစိုက်ခင်းများပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ပါကသင်တော်သောထောက်ပံ့ငွေများ ပံပိုးကူညီဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ပြည်ပပို့ကုန်ဈေးကွက်ဝင်သီးနှံများ ပိုမိုတင်ပို့ရာတွင် Eating Quality ကောင်းမွန်စေသည့် စိုက်ပျိုး/မွေးမြူရေးထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး တောင်သူလယ်သမားများနှင့် မွေးမြူရေးလုပ်ငန်းရှင်များအား အသိပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများ၏ အကျိုးစီးပွားအခြေခံလိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးရေရရှိရေး၊ သောက်သုံးရေးရရှိရေးနှင့် ရေကြီးနစ်မြှစ်မှုကြောင့် သီးနှံပျက်စီးခြင်းကင်းဝေးစေရန် စနစ်တကျစီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဆည်ရေသောက်စနစ်များတွင် ရေသောက်တောင်သူများအဖွဲ့ (Water User Group-WUG) များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်နေ့ထိ WUG အဖွဲ့ပေါင်း ၈၈၅၅ ဖွဲ့နှင့် တောင်သူဦးရေ ၂၂၆၉၃၀ ဦး ဖွဲ့စည်းနိုင်ခဲ့ပြီး ၎င်းမှတစ်ဆင်း (Water User Association-WUA) အသင်း (၁၀) သင်းအထိ တို့ချဲ့ဖွဲ့စည်းခဲ့ရာ တစ်နိုင်ငံလုံးဆည်ရေသောက်စနစ်ခံစားကြရသည့် တောင်သူလယ်သမားများအတွက် ယခုထက်ပိုမို၍ ဖွဲ့စည်းကြရန် လိုအပ်ကြောင်း၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်နိုင်ရေးအတွက် လယ်ယာသုံးစက်ကိရိယာမျိုးစုံကို လက်ငင်းစနစ်၊ အရစ်ကျစနစ်တို့ဖြင့် ရောင်းချပေးခြင်း၊ ငှားရမ်း ထွန်ယက်ပေးခြင်းတို့ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စက်မှုလယ်ယာဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသော ပုဂ္ဂလိက အစုအဖွဲ့များကို လယ်ယာဝန်ဆောင်မှုအသင်းများဖြင့် စည်းရုံးဖွဲ့စည်းပေးရန် လိုအပ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းဖွံဖြိုးတိုးတက်မှုမှတစ်ဆင့် မွေးမြူသူများ ဝင်ငွေတိုးတက်စေရန်၊ မွေးမြူလုပ်ငန်းများအတွက် မြေယာပိုင်ဆိုင်ခွင့်ရရှိရန်နှင့် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ပြည်တွင်း၌သယ်ဆောင်ခြင်း၊ တင်သွင်းခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်းတို့ ‌ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသ ငါးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် မြစီမ်းရောင်(ငါးကဏ္ဍ)ကျေးရွာစီမံကိန်းကို ကျေးရွားတစ်ရွာလျှင် ငွေကျပ် သန်း ၃၀ စီဖြင့် ကျေးရွာပေါင်း ၃၉၄ ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ် ၁၉ ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သောပြည်သူလူထု၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန် ကယားပြည်နယ်၊ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကို ၁၀ ဘီလီယံစီ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း‌ဒေသကြီးသို့ ငွေကျပ် ၈ ဘီလီယံစီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသကြီး ၆ ခုသို့ ငွေကျပ် ၅ ဘီလီယံစီ စုစုပေါင်း ၁၀၀ ဘီလီယံကို ထောက်ပံပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ တောင်သူလယ်သမားများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားများကို ကာကွယ်ပေးခြင်း၊ မြှင်တင်ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထား‌သည့် ဦးတည်ချက်များနှင့် မူဝါဒများအကောင်အထည်ဖော်ရာတွင် ရောက်ပြီးဖြစ်သကဲ့သို့ နိုင်ငံအကျိုးစီးပွားကို ကာကွယ်ပေးခြင်း၊ စီးပွားရေးဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေခြင်းဖြစ်သည့်အတွက် တောင်သူလယ်သမားအခွင့်အရေးနှင့် အကျိုးစီးပွားမြှင့်တင်နိုင်‌ရေး အကောင်အထည်ဖော်ဆောင်ရွက်မည့် နည်းလမ်းများကို ပွင့်လင်းစွာဆွေးနွေးပြောကြားစေလိုကြောင်း ပြောကြားသည်။ 

ထိုနောက် တောင်သူလယ်သမားအခွင့်အရေးကာကွယ်‌ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က တောင်သူလယ်သမားအခွင့်အရေးကာကွယ်‌ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဦးဆောင်အဖွဲ့ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ‌ဒေါက်တာသီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးမျိုးမြင့်ဦးနှင့် ဦးအောင်နိုင်ဦး၊ နေပြည်တော်ကောင်စီဥက္ကဌ ဦးတင်ဦးလွင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌ ‌‌ဒေါ်သန်းသန်းဆွေ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များနှင့် အသင်းအဖွဲ့ဥက္ကဌများက တောင်သူလယ်သမားအခွင့်အ‌ရေးကာကွယ်‌ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးနှင်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများ ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကိုရုတ်သိမ်းလိုက်သည်။