ကယားပြည်နယ်၏ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများနှင့် လယ်ယာကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း
  • Fri, 17 March 2023

ကယားပြည်နယ်၏ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများနှင့် လယ်ယာကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း


ကယားပြည်နယ်၏ စိုက်ပျိုးရေး၊မွေးမြုရေး လုပ်ငန်းများနှင့် လယ်ယာကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက်လိုအပ်ချက်များ ကူညီ ဖြည့်ဆည်းပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြုရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ‌ဒေါက်တာတင်ထွဋ်သည့် ယမန်နေ့က ကယားပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ နှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက တောင်သူအချင်းချင်း အတွေ့အကြုံ ဖလှယ်နိုင်ရန် ပေါင်းစပ်ဆောင်ရွက် ပေးခြင်းဖြင့် တောင်သူပူးပေါင်းပါဝင်သော နည်းပညာပေးလုပ်ငန်း များထိ‌‌ရောက်အောင်မြင်ရေး အကောင် အထည်ဖော်ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုး နည်းပညာပေးဝန်ထမ်းများအနေဖြင့် မြေပြင်၏ပကတိ စိုက်ပျိုးထုတ်လုပ်မှုနှင့်‌ တောင်သူများ၏ လူမှုစီးပွားဘဝကို အနီးကပ် သိရှိသူများဖြစ်ရာ တောင်သူအခက် အခဲနှင့် လိုအပ်ချက် များကိုထိထိရောက်ရောက်ကူညီဖြည့်ဆည်းပေးနိုင်ရေးအတွက် သုတေသနဌာနများ အပါအဝင် သက်ဆိုင်ရာဌာနများနှင့် တောင်သူများအကြားပေါင်းကူး ဆက်စပ်ပေးသည့် ဝန်ဆောင်မှုစနစ်ကို အလေးအနက်ထားဆောင်ရွက်ကြစေလိုကြောင်း၊ အလားတူ တောင်သူများ၊ ပုဂ္ဂလိကလု ပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး နှင့်တောင်သူများ ယုံကြည် အားကိုးသည့် လယ်ယာကဏ္ဍဆိုင်ရာ ပညာရှင်များအဖြစ် ခိုင်ခိုင် မာမာ ရပ်တည်နိုင်စေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်ကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။

ထိုနောက် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းလျားထားချက်များကို လည်ကောင်း၊ နယ်စပ်ဒေသဖွံဖြိုးရေး လုပ်ငန်းများနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းများ၊ သီးနှံအလိုက် မျိုးကောင်းမျိုးသန့်မျိုးစေ့များ အသုံးပြု နိုင်ရေးနှင့် အဓိကသီးနှံများ၏ ပန်းတိုင်အထွက်ရရှိရေး ဆောင်ရွက်ထားရှိမှု တို့ကိုလည်းကောင်း၊ ရှင်းလင် တင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်ဆည်းဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။