နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
  • Thu, 11 May 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


စိုက်ပျိုးရေးလုပ်ငန်းကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားရေးသည် တစ်ဟုန်တိုး တိုးတက်သွားနိုင်သည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးစွမ်းအားမြှင့်တင် ခြင်းအားဖြင့် နိုင်ငံစီးပွားမြှင့်တင်ရေးအတွက် အဓိကထားဆွေးနွေးပေးနိုင်ရန် ပြောကြားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်လွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၌ကျင်းပပြုလုပ်သည့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးသောင်းဟန်၊ ဦးမျိုးမြင့်ဦး၊ နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်များက Video Conferenceing ဖြင့် တက်ရောက်ခဲ့ကြပါသည်။




ဦးစွားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြော ကြားရာတွင် ယခုအစည်းအဝေးသည် နိုင်ငံတော်၏ စီပွားရေးတွင်အဓိကကျသည့် စိုက်ပျိုးရေး ကဏ္ဍဖွံဖြိုးတိုးတက်ရေး ဆွေးနွေးညှှိနှိုင်းသည့် အစည်းအဝေးဖြစ်ကြောင်း၊ အစည်းအဝေးတွင် စိုက်ပျိုးရေးကဏ္ဍများ ဖွံဖြိုးတိုးတက်စေရေး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဖြင့် တင်ပြဆွေးနွေးစေလိုကြောင်း၊ ယခုအစည်းအဝေးသို့တက်ရောက်လာကြ သူများသည် သက်ဆိုင်ရာကဏ္ဍများအလိုက် ကျွမ်းကျင်ကြသူများဖြစ်ကြကြောင်း၊ နိုင်ငံစီးပွားတိုးတက်ရေး အတွက် စိုက်ပျိုးရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးသည် အဓိကကျသည့်အတွက် ဦးစားပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြုရေးလုပ်ငန်းဖြင့် အဓိကထုန်လုပ်နိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ဂျီဒီပီတွင် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍ ဟူ၍ သုံးရပ်ရှိကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ၌ စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှုကဏ္ဍရှိကြောင်း၊ ထိုမှတစ်ဆင့် ကုန်ထုတ်လုပ်မှုဝန်ဆောင်မှုများနှင့် ရောင်းဝယ်မှုများကို ဆောင်ရွက်ကြခြင်းဖြစ်သဖြင့် အဓိကအခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ မိမိတို့နိုင်ငံ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး စိုက်ပျိုးရေးနှင် မွေးမြုရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့်နှီးနွယ်နေသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် အခြားလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ကြကြောင်း၊ ၂၀၁၉ ခုနှစ်၊ သန်းခေါင်စာရင်းအရ ၄၅ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊မွေးမြေုရေးလုပ်ငန်းများနှင့် နှီးနွယ်နေသူများဖြစ်ကြသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြုရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်အောင် မြှင့်တင် ဆောင်ရွက်ပေးနိုင်မည် ဆိုပါက ကျေးလက်နေပြည်သူများ၏ ဘဝများ ထူးခြားစွာတိုးတက် ပြောင်းလဲလာမည်ဟု သုံးသပ်မိပါကြောင်း၊ စိုက်ပျိုုးရေးလုပ်ငန်းများတွင် အဓိကအားဖြင့် စပါးနှင့်ဆီထွက်သီးနှံမျာား၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ၊ ပြောင်းနှင့် မီးဖိုချောင်သုံး သီးနှံများ၊လက်ဖက်၊ ကော်ဖီ၊ ဆီအုန်း စသည့် စက်မှုကုန်ကြမ်းသိးနှံများက်ို အများဆုံးစိုက်ပျိုးကြသည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးမြေများတွင် လယ်ယာမြေ၊ ဥယျာဉ်ခြံမြေမျာသာမက အခြားမြေများ ထည့်သွင်းထားသည့်အတွက် စိုက်ပျိုးဧကများ များပြားလျက်ရှိသည်ကို တွေ့ရှိရကြောင်း စပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍  မိမိတို့နိုင်ငံတွင် မိုးစပါးစိုက်ဧက ၁၅ သန်းရှိကြောင်း၊ ၂၀၂၂ ခုနှစ်တွင် မိုးစပါး ၁၄ ဒသမ ၉ သန်းကျော်ရှိသည်ကို တွေ့ရှိရကြောင်း ထိုထဲတွင် လယ်စိုက်ပျိုးမှုအနေဖြင့် ၁၃ ဒသမ ၁၇၅ သန်းရှိသည်ကိုတွေ့ရှိရကြောင်း၊ ယာစိုက်ပျိုးမှု ၆ သိန်း၊ တောင်ယာစိုက်ပျိုးမှုမှ ၁ ဒသမ ၉ သိန်းကျော်ပါရှိပြီး ထိုအထဲမှ အခြားမြေများလည်းတွေ့ရှိရကြောင်း၊ မိုးစပါးစိုက်ဧကများ၌ မိုးစပါးစိုက်ပျိုးချိန်တွင် အခြားသီးနှံများကို ဆက်လက်စိုက်ပျိုးမည်ဆိုပါက သီးထပ်စွမ်းအား တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုနှစ်မိုးစပါးစိုက်ပျိုးမြေများမှ ၁ ဒသမ ၈ သန်းခန့်တွင် နွေးစပါးစိုက်ပျိုးသည်ကိုတွေ့ရှိရကြောင်း၊ စိုက်ပျိုးဧက ၁၃ ဒသမ ၁၇၅ သန်းတွင် သီးနှံအမျိုးမျိုးစိုက်ပျိုးမှုမှာ ၇ ဒသမ ၄၇၃ သန်းရှိသည့်အတွက် မိုးစပါးတစ်မျိုးကိုသာ စိုက်ပျိုးမှုမှာ ၅ ဒသမ ၇၃ သန်းရှိသည်ကိုတွေ့ရှိရကြောင်း၊ ယခုအချိန်အထိ တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက် စိုက်မျိုးမှုမရှိဘဲ ကျန်ရှိနေသည့်နေ ၅ ဒသမ ၇သိန်းကျော်ရှိသည်ကို တွေရှိရကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် မိုးစပါးထွက်ရှိမှုအနေဖြင့် တစ်ဧကလျှင် ပျမ်းမျှ ၇၂ ဒသမ ၆၄ တင်းခန့် ထွက်ရှိသည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးရန်ကျန်ရှိသည့် စိုက်ပျိုးမြေများတွင် ၄ သန်းခန့်တွင် သီးထပ်စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်း ၇၂ ဒသမ ၆၄ တင်းဖြင့်တွက်ချက်မည်ဆိုပါက ၂၈၉ ဒသမ ၅၄ တင်းသန်း ထွက်ရှိမည်ဖြစ်ကြောင်း၊ တစ်တင်းလျှင် ၁၀၀၀၀ နှုန်းဖြင့် တွက်ချက်မည်ဆိုပါက စပါးတင်းသန်း ၂၉၀ အတွက် ဘီလီယံ ၂၉၀၀ ရရှိပြီ၊ တိုင်းပြည်စီးပွားရေးတိုးတက်လာမည် ဖြစ်ကြောင်း၊ ထိုကြောင့် စိုက်ပျိုးရန်ကျန်ရှိသည့် မြေများတွင် စိုက်ပျိုးမှုများဆောင်ရွက်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အလားတူ အဆိုပါစိုက်ပျိုးခြင်းမရှိသည့် စိုက်ပျိုးမြေဧက ၄ သန်းပေါ်တွင် အခြားသီးနှံများနှင့် စပါးကဲ့သို့ များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့်နှစ်စဉ်ပြည်ပမှ စားသုံးဆီများတင်သွင်းနေရသဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများရှိကြောင်း၊ ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဆီဖူလုံမှု ဖြစ်ပေါ်စေပြီး ထိုမှတစ်ဆင့် စားသုံးဆီများပိုလျှံလာနိုင်မည်ဖြစ်ကြောင်း၊ စ်ိုက်ပျိုးရေးလုပ်ငန်း တိုးတက်ခြင်းဖြင့် နိုင်ငံဂျီဒီပီတိုးတက်နှုန်းကိုလည်း အထာက်အကူပြုစေမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံ၌ ၂၀၂၂ခုနှစ်တွင် ဝါစိုက်ပျိုးမှု ၄ ဒသမ ၅ သိန်းဧကခန့်ရှိကြောင်း၊ ၂၀၁၁ခုနှစ်တွင် ဝါစိုက်ပျိုးမှု ၈ သိန်းကျော်ရှိခဲ့ကြောင်း၊ ဝါစိုက်ပျိုးမှုများ မြှင့်တင်ရန်အတွက် ယခုနိုင်ငံတော်မှ အားပေးဆောင်ရွက် လျက်ရှိကြောင်း၊ ဝါစိုက်ပျိုးမှုများကို ယခင်စိုက်ပျိုးဧကအတိုင်း စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံအတွက် လိုအပ်သည့် ချည်မျှင်များကို လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ အလားတူ အဆင်မီသည့် ဝါများစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက်လည်း နိုင်ငံတော်မှ ကြိုပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ပြည်သူများ ဝတ်ရေးဖူလုံရေးအတွက် ဝါစိုက်ပျိုးမှုများကို အောင်မြင်ဖြစ်ထွန်း အောင်ဆောင်ရွက်ပေးရမည့်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ချည်မျှင်ထုတ်လုပ်သည့် စက်ရုံများနှင့် အထည်ရက်လုပ်သည့် စက်ရုံများတည်ဆောက်၍ ချည်ချောထုတ်လုပ်နိုင်ရေး  ဆောင်ရွက်ရန် လိုကြောင်း၊ သို့မှသာ ပြည်ပမှ ချည်ထည်များတင်သွင်းနေရမှုကို လျော့နည်းနိုင်မည်ဖြစ်ကြောင်း။ ဆီထွက်သီးနှံစိုက်ပျိုးမှုအနေဖြင့် မြေပဲစိုက်ပျိုးဧက ၃ သန်း၊ နေကြာစိုက်ပျိုးမှု ဧကတစ်သန်း၊ နှမ်းစိုက်ပျိုးမှုဧက ၃ ဒသမ ၅ သန်းစိုက်ပျိုးကြကြောင်း၊ ထိုအထဲတွင် မြေပဲတစ်ခုသာ ပန်းတိုင်ရည်မှန်းချက်ကို ပြည့်မီအောင်ထွက်ရှိကြောင်း၊ လက်ရှိစိုက်ဧကမှ မြေပဲ၊နှမ်း၊ နေကြာနှင့် ပန်းနှမ်းများကို စနစ်တကျစိုက်ပျိုးပြီး ပန်းတိုင်ရည်မှန်းချက်ကို ပြည်မီအောင်စိုက်ပျိုးနိုင်မည် ဆိုပါက ဆီတန်ချိန်ပေါင်း ၁ ဒသမ ၃၆၉ သန်းထွက်ရှိမည်ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ပန်းတိုင်ရည်မှန်းချက်ကို ပြည်မီအောင်စိုက်ပျိုးနိုင်မည်ဆိုပါက စားအုန်ဆီမပါဘဲ ဆီဖူလုံမှု ၂၀၀ ရာခိုင်နှုန်းကျော်လွန်သည်ကို တွေရှိရပါကြောင်း၊ ထို့ကြောင့် ဆီထွက်သီးနှံများ စိုက်ပျိုးရေးနှင့် တစ်ဧကချင်းအထွက်နှုန်းများ တိုးတက်စေရေး အလေးထားဆောင်ရွက်ပေးစေလိုကြောင်း၊ ပြည်သူများကျန်းမာရေးနှင့် ညီညွတ်သည့် ဆီများ စားသုံးနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စပါးစိုက်ပျိုးခြင်းနှင့် ဆီးထွက်သီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစွာ ဆောင်ရွက်နိုင်မည်ဆိုပါက မိမိတိုအတွက် ပထမခြေလှမ်းဖြစ်မည်ဖြစ်ကြောင်း။ ပဲစိုက်ပျိုးမှုနှင့် ပတ်သက်၍လည်း ပဲစဉ်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲအမျိုးမျိုးအပါအဝင် ကော်ဖီနှင့် ပြောင်းတို့သည်လည်း ကမ္ဘာပေါ်တွင် လိုအပ်ချက်ရှိသည့် သီးနှံများဖြစ်ပြီး ဈေးကွက်လိုအပ်ချက်များ ရှိပြီးဖြစ်ကြောင်း၊ မြန်မာကော်ဖီ သည်လည်း ပြည်ပဈေးကွက်ဝင်ပစ္စည်းဖြစ်သဖြင့်  အောင်မြင်အောင် စိုက်ပျိုးကြရန်လိုကြောင်း၊ အလားတူပြောင်းသည်လည်း ပြည်ပဈေးကွက်ရှိပြီးဖြစ်သဖြင့် အဆိုပါသီးနှံများ စိုက်ပျိုးမှု တိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ သီးနှံများအောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးရေး နည်းလမ်းများရှာဖွေ ဆောင်ရွက်စေလိုကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စေရန်အတွက် မျိုး၊မြေ၊ရေ၊နည်း လေးမျိုးရှိကြောင်း၊ ထိုအထဲမှ စိုက်ပျိုရေလုံလောက်စွာရရှိရေးသည် အဓိကကျကြောင်း၊ ရေကို အကျိုးရှိထိရောက်စွာအသုံးချပြီး စိုက်ပျိုးမည်ဆိုပါက အပင်ရှင်သန်ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ မြေဆီလွှာကောင်းမွန်ရေးကိုလည်း ဆောင်ရွက်ရန်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးအတွက် မိမိတိုအနေဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နှင့် စစ်တောင်း စသည့် ဖြစ်ကြီးလေးသွယ်အပြင် အခြားမြစ်ချောင်းများကိုလည်း များစွာရှိကြောင်း၊ မြစ်ရေကို အဟောသိကံမဖြစ်စေဘဲ အကျိုးရှိစွာအသုံးချနိုင်ရေး နည်းလမ်းရှာဖွေဆောင်ရွက်နိုင်မည်ဆိုပါက စိုက်ပျိုးရေးအတွက် ရေလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် အလားအလာများကို ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများအနေဖြင့် တင်ပြစေလိုကြောင်း၊ စပါးစိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်ပြီး နိုင်ငံစီးပွား ကို မြှင့်တင်ရန်လိုကြောင်း။ အချို့နေရာများတွင် စိုက်ပျိုးရေးအတွက် လုံလောက်သောရေ မရရှိ သည့်အတွက် စိုက်ပျိုးမှုကိုဆောင်ရွက်နိုင်ခြင်းမရှိသည့်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးရေ လုံလောက် စွာ ရရှိအောင်ဆောင်ရွက်ပေးနိုင်မည်ဆ်ိုပါက စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဧရာဝတီမြစ်အနီးရှိ စိုက်ပျိုးမြေများကိုလည်း မြစ်ရေတင်စီမံကိန်း များဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ မြစ်ရေတင်လုပ်ငန်းများဆောင်ရွက်ရာတွင် လျှပ်စစ်မြစ်ရေတင် လုပ်ငန်းများဖြင့်လည်း ဆောင်ရွက်နိင်ကြောင်း၊ အလားတူ အချို့မြစ်ကြောင်းများတွင် Low Head Dam များတည်ဆောက်၍ ဆောင်ရွက်နိုင်သည်ကိုတွေ့ရှိရကြောင်း၊  ယခင်သုတေသနပြုလုပ် ထားသည့် နေရာများမှ ရေလိုအပ်ချက်ရှိသည့် အချို့နေရာများကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊  ထိုသို့ ဆောင်ရွက်ရာတွင် ဒွန့်တွဲရေကာတာစနစ်ဖြင့် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ တစ်ဖက်မှသွားလာသည့် စနစ်အတွက် အသုံးပြုခြင်းနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် မြစ်ရေတင်စီမံကိန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဧရာဝတီမြစ် ကြောင်းတစ်လျှောက် အဆိုပါလုပ်ငန်းများဆောင်ရွက်သင့်သည့် နေရာများရှိကြောင်း၊ ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စိုက်ပျိုးရေး လုပ်ငန်းများကို ရာသီမရွေးအောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

ရေကို အဟောသိကံ အသုံးပြုခြင်းမရှိစေရေး စာသင်ကျောင်းများမှအစ အသိပညာပေးရန် လိုကြောင်း၊ ရေကို စိုက်ပျိုးရေးအတွက်အသုံးပြုရာတွင် ရေပန်းစနစ်၊ အစက်ချစနစ်များဖြင့် အသုံးပြုနိုင်ရေး အသိပညာပေးရန်လိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးပညာရှင်များအနေဖြင့် ရေစနစ်တကျအသုံးချရေး အသိပညာပေးဆောင်ရွက်ပေးရန်လိုကြောင်း၊ စိုက်ပျိုးရေလုပ်ငန်း ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏စီးပွားရေးသည် တစ်ဟုန်တိုးတိုးတက် သွားနိုင်သည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးစွမ်းအား မြှင့်တင်ခြင်းအာဖြင့် နိုင်ငံစီးပွား မြှင့်တင်ရေးအတွက် အဓိကထား ဆွေးနွေးပေးနိုင်ရန် ပြောကြားခဲ့ပါသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များတွင် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအတွက် လိုအပ်သည့် စိုက်ပျိုးရေးလုံလောက်စွာရရှိရေး ဆောင်ရွက် သွားမည့် စီမံချက်များကို ရှင်းလင်းတင်ပြခဲ့သည်။





ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် လျားထားစီမံချက်များနှင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်း တင်ပြခဲ့ပါသည်။




ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ့သည့် ဦးလှမိုး၊ ဦးသောင်းဟန်နှင် ဦးမျိုးမြင့်ဦးတို့က ကျေးလတ်ဒေသဖွံဖြိူးတိုးတက်ရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက် ရေးအတွက် အဓိကကျသည့် စိုက်ပျိုးရေကဏ္ဍတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးရေ ၊ နည်းပညာနှင့် ဈေးကွက်ရရှိရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ စိုက်ပျိုးထုတ်ကုန်များ တိုးတက် ထုတ်လုပ်နိုင်ရန်အတွက် ပံပိုးဆောင်ရွက်နေမှုနှင့် စိုက်ပျိုးရေးကဏ္ဍတွင် အဓိကလိုအပ်သည့် စိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက် လျှပ်စစ်ဓာအားဖြန့်ဖြူးပေးနေမှုအခြေအနေ၊ စိုက်ပျိုး စွမ်းအား မြှင့်တင်ရေးအတွက် ဓာတ်မြေဩဇာဖြန့်ဖြူးမှုနှင့် ဆက်လက်ထုတ်လုပ်ရန် လျားထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဌနှင့် တိုင်ဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များက စိုက်ပျိုး စွမ်းအားမြှင့်တင်ရေး ဆောင်ရွက်ထားရှိမှု၊ ဒေသတွင်းဝမ်းစာဖူလုံရေး ဆောင်ရွက်ထားး ရှိမှုနှင့် စိုက်ပျိုးရေးကဏ္ဍဖွံဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ယင်းနောက် စိုက်ပျိူုးရေး၊ မွေးမြုရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက် ဒေသဖွံ့ဖြိူးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆီအုန်းနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်ရေးအတွက် သုတေသနပြဆောင်ရွက်လျက်ရှိမှု၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဆည်တမံများတွင် ရေဝင်ရောက် မှု နည်းပါးလာခြင်းကြောင့် ရေသုံးစွဲမှုကို ယာယီရေထိန်ဆည်များ၊ တမံများဆောက်လုပ်၍ ဆောင်ရွက်လျက်ရှိမှုနှင့် ပြည်သူများနှင့် တောင်သူများ ပါဝင်ဆောင်ရွက်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိမှု၊ ရေအလေအလွင့်နည်းပါးစေရန် ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးသီးနှံများ ဖွံဖြိုးတိုးတက် စေရေး သုတေသနပြု ဆောင်ရွက်လျက်ရှိမှု၊ လယ်ယာကဏ္ဍဆိုင်ရာ သတင်းအချက်အလက်များ စက်မှုလယ်ယာကဏ္ဍ ဖော်ဆောင်လျက်ရှိမှုနှင့် မြေယာပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိမှု၊ စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးအတွက် လူစွမ်းအားအရင်းအမြစ်များရရှိရေး ဆောင်ရွက် လျက်ရှိမှု၊ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး သီးထပ်စွမ်းအားမြှင့်တင်ရေးအတွက် တောင်သူများပါဝင် လာရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်တင်ပြခဲ့ကြပါသည်။




တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူသားအရင်းအမြစ်များ ဖွံဖြိုးတိုးတက် ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ စက်မှုလယ်ယာစနစ်ဖြင့်လည်း ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အလားတူ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖွံဖြိုးတိုးတက်လာစေရန်အတွက် ဧကကွက်များ ဖော်ထုတ် ဆောင်ရွက်ရန်လိုကြောင်း၊ ဧကကွက်များဖြင့် စိုက်ပျိုးခြင်းဖြင့် ကောက်ကွက်များ ပိုမိုဝင်ဆံနိုင် သကဲသို့ သီးနှံအထွက်နှုန်းများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ အလားတူ ခေတ်မီစက် ကိရိယာများဖြင့် စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် လေလွင့်ဆုံးရှံးမှု နည်းပါသွားမည်ဖြစ်ပြီး စက်မှုလယ်ယာစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ လယ်ယာမြေ ဆုံးရှံးမှု မရှိစေရေး လယ်ယာမြေများကို အခြားနည်းဖြင့် အသုံးချခြင်းမရှိစေရေး ကြတ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ဧကတိုးချဲ ခြင်းထက် တစ်ဧကခြင်းအထွက်နှုန်းများ တိုးတက်စေရေးဆောင်ရွက်မည်ဆိုပါက ပိုမိုအကျိုး ဖြစ်ထွန်းစေကြောင်း၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် အဓိကကျသော မြေအောက်ရေ ထုတ်ယူသုံးစွဲရေးအတွက် မူဝါဒ တိတိကျကျ သတ်မှတ်ရန်လိုကြောင်း၊  သီးနှံများ အထွက်နှုန်းများ ကို ကောင်းမွန်စေရန် သဘာဝမြေဩဇာ သို့မဟုတ် ဓာတ်မြေဩဇာ  အသုံးပြုရန်လိုကြောင်း၊ ဒေသအလိုက် ရရှိနိုင်သည့် သဘာဝမြေဩဇာကို ပြည်စုံကောင်းမွန်အောင် ပြုပြင်ပြောင်းလဲ ထုတ်လုပ်သုံးစွဲသွားရန်လိုအပ်ကြောင်း၊ နေပြည်တော်သည် နိုင်ငံတော်၏ မြို့တော်ဖြစ်သောကြောင့် တိုင်းဒေသကြီး/ပြည်နယ်များ၏ စံပြဖြစ်ရန်လိုကြောင်း၊ သီးထပ်စွမ်းအားတိုးတက်စေရေး တစ်နှစ်လျှင် နှစ်သီးမှ သုံးသီးအထိ စိုက်ပျိုးရန် တစ်ဧကအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက် ရန်နှင့် စိုက်ဧကများ လျော့နည်းသွားမှုမရှိအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသအလိုက် ဝမ်စာဖူလုံမှုရှိစေရန် ဒေသရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီသည့် သီးနှံများကို ပြောင်းလဲစိုက်ပျိုးရန် လိုအပ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုးမှု ဖွံဖြိုးတိုးတက်ရေးအတွက် အပြည်အဝစိုက်ပျိုးမှုရှိစေရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ဒူးရင်းသီးစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်း တိုးတက်အောင်ဆောင်ရွက်ရန် လိုသကဲ့သို့ ကိုကိုးများနှင့် အုန်း စိုက်ပျိုးမှုများကိုလည်း အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်စေလိုကြောင်း၊ ဒေသအလိုက် ထွက်ရှိသည့် ရာသီသီးနှံများသည်လည်း စိုက်ပျိုးတောင်သူများအတွက် ဝင်ငွေပိုမိုရရှိစေမည် ဖြစ်သဖြင့် ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေများ လုံလောက်စွာ ရရှိရေး နိုင်ငံတော်အနေဖြင့် မြစ်ရေတင်လုပ်ငန်းများကိုအကောင်အထည်ဖော် ဆောင်ရွက်ပေးသွား မည် ဖြစ်သကဲသို့ ဒေသအလိုက်အစီအစဉ်များလည်း အကောင်အထည်ဖော် ဆောင်ရွက်ရန်လို ကြောင်း၊ရော်ဘာများ စိုက်ပျိုးရာတွင်လည်း အထွက်နှုန်းကောင်းမွန်စေရေးနှင့် တန်ဖိုးမြင့် ထုတ်ကုန်များထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ရော်ဘာအထွက်နှုန်းတိုးတက် စေရေးအတွက် စိုက်ပျိုးရာတွင် နည်းစနစ်တကျဖြင့် စိုက်ပျိုးနိုင်ရေး အသိပညာပေးဆောင်ရွက်ရန် လိုကြောင်း၊ ဆီအုန်းများစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များစိုက်ပျိုုးနိုင်ရန်နှင့် နည်းစနစ်တကျ စိုက်ပျိုးရန်လိုကြောင်း။

စိုက်ပျိုးရေးနှင့်ပတ်သက်၍ အနိမ့်ဆုံလိုအပ်ချက်ဖြစ်ရန်လိုကြောင်း၊ ရေးပေးဝေမှုနှင့် ပတ်သက်၍ အလေအလွင့်အနည်းဆုံးဖြစ်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ ရေသွယ်စနစ်နှင့် ရေဖြန့်စနစ်များ ကို စနစ်တကျဖြင့် ဆောင်ရွက်၍ ရေကို အကျိုးရှိအောင် အသုံးချကြစေလိုကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများကို ဖွံဖြိုးတိုးတက်စေရေး သုတေသနလုပ်ငန်းများကို ဖွံဖြိုးတိုးတက်အောင်ဆောင်ရွက် ရာတွင် နိုင်ငံတော်မှ ဆောင်ရွက်သကဲသို့ အချို့သောလုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍအနေဖြင့် ဆောင်ရွက်သင့်ကြောင်း၊ ဒေသနှင့် ကိုက်ညီသည့် သီးနှံ၊ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် သီးနှံများကို ဦးစားပေးအနေဖြင့် သုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့ အနေဖြင့် ထိန်းသိမ်းရမည့် ပေါဆန်းမွှေးကဲ့သို့သော မိမိတို့နိုင်ငံ၏ မျိုးရင်းများကို ထိန်းသိမ်းရန်လိုအပ်သကဲ့သို့ အထွက်နှုန်းတိုးတက်စေရန်နှင့် အရည်အသွေးများတိုးတက်စေရန် သုတေသနပြုဆောင်ရွက်ရန်လို ကြောင်း၊ ပန်းမန်းနှင့် ပတ်သက်၍လည်း မေမြို့၊ ဒေလီယာပန်းနှင့် အခြား မိမိနိုင်ငံမှ ထွက်ရှိသည့် ပန်းများကိုလည်း ဖွံဖြိုးတိုးတက်အောင် သုတေသနပြုထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ လယ်ယာမြေစိုက်ဧကများနှင့် စိုက်ပျိုးသည့် သီးနှံစာရင်းများ မှန်ကန်မှုရှိစေရေးဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့နိုင်ငံတွင် လူသန်း ၁၀၀ အတွက် စိုက်ပျိုးမြေလုံလောက်စွာရရှိရန်မျှော်မှန်း ဆောင်ရွက်ရမည်ဖြစ်သဖြင့် လယ်ယာမြေများကို အခြားနည်းများဖြင့် သုံးစွဲမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ စက်မှုလယ်ယာစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် အသုံးပြုသည့်စက်ယန္တရားများကို ပြည်တွင်း၌ လုံလောက်စွားထုတ်လုပ်ပြီး အသုံးပြုရန် လိုကြောင်း၊ စက်သုံးဆီကိုအသုံးပြုသည့် စက်ယန္တရားများရှိသကဲ့သို့ လျှပ်စစ်စွမ်းအား ဖြင့် အသုံးပြုနိုင်ရေး ရေရှည်မျှော်တွေး ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လူသားအရင်းအမြစ်များလိုအပ်ချက်ရှိသဖြင့် စိုက်ပျိုးရေး၊မွေးမြုရေး အထက်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ထူးချွန်သူများကို သက်ဆိုင်ရာဘာသာရပ်များအလိုက် အဆင့်မြင့်ပညာများကို ဆက်လက်သင်ကြား နိုင်မည်ဖြစ်ကြောင်း၊ လိုအပ်သည့် ဆရာ ဆရာမများမွေးထုတ်ပေးနိုင်ရေးအတွက်လည်း ဆောင်ရွက် ရန်လိုကြောင်း၊ ထူးချွန်သူများကိုလည်း ချီးမြင့်ပေးရန်လိုကြောင်း မှာကြားခဲ့ပါသည်။

ထိုနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များနှင့် တက်ရောက်လာသူများအနေဖြင့် ပြည်စုံစွာရှင်းလင်းသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍဖွံဖြိုးတိုးတက်ရေး အလေးထား ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လိုအပ်ကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး ထုတ်လုပ်မှုကို မြှင့်တင်ဆောင်ရွက် ပေးရမည်ဖြစ်ပါကြောင်း၊ လယ်ယာစိုက်ပျိုးခြင်းနှင့် ဆီထွက်သီးနှံများကိုသာမက မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းသည်လည်း နိုင်ငံအတွက် ဝင်ငွေကို ပိုမိုရရှိစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် နယ်ပယ်ပေါင်းစုံမှ စဉ်စား၍ ဆောင်ရွက်ကြစေလိုကြောင်း။

သုတေသနလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံအကျိုးစီးပွားအတွက် သုတေသနလုပ်ငန်းများကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေး၊မွေးမြုရေးလုပ်ငန်းများနှင့် ပတ်သက်၍ မိမိတို့ပြည်သူများအနေဖြင့် အသိပညာအားနည်းသည်ကိုတွေ့ရှိရကြောင်း၊ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသူများအနေဖြင့်လည်း ပညာရှင်ဆန်ဆန်ရေးသားခြင်း၊ ထုတ်လွင့်ခြင်းများထက် လူအမျာနားလည်နိုင်သည့် အသုံးအနှုန်းများဖြင့် ပညာပေးဆောင်ရွက်နိုင်ရန် လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်  မျိုး၊ မြေ၊ ရေ၊ နည်း လေးမျိုးစလုံး ပြည့်စုံအောင် ဆောင်ရွက်မှသာ သီးနှံအထွက်နှုန်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ မြေယာပြုပြင်ခြင်း လုပ်ငန်းသည် စိုက်ပျိုးရေးအတွက် အဓိကကျကြောင်း၊ ချောင်း၊ မြောင်းများအတွင်း စီးဆင်းနေသည့် ရေများကို ယာယီရေပိတ်တမံများပြုလုပ်၍ စိုက်ပျိုးရေးလုပ်ငန်းမျာအတွက် အသုံးချနိုင်ရန်လို ကြောင်း၊ သီးနှံစိုက်ပျိုးရာတွင် စိုက်နည်းစနစ်များမှန်ကန်မှသာ အထွက်နှုန်းကောင်းမွန်မည် ဖြစ်ကြောင်း၊ သို့မှသာ အကျိုးအမြတ်များကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ အချက်လေးချက် ကို လိုက်နာပြီးဆောင်ရွက်မှ မိမိတို့မျှော်မှန်းထားသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးကို များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ် မှုများကို ဆောင်ရွက်ရာတွင် အရည်အသွေးပြည်မီသည့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရန် လိုကြောင်း၊  ရေခံမြေခံကောင်းရှိပြီးဖြစ်သည့် မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များကို ယခင်ကထက် ပိုမိုထုတ်လုပ်နိုင်ခြင်းဖြင့် ပိုကုန်များ ပိုမိုတင်ပို့နိုင်မည်ဖြစ်ပြီး နိုင်ငံခြားဝင်ငွေများ တိုးတက်လာ မည်ဖြစ်ကာ နိုင်ငံစီးပွားပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အစည်းအဝေး တက်ရောက်လာကြသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာနက သုတေသနပြုစိုက်ပျိုးထားသည့် စပါး၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နေကြာ၊ ဆီးထွက်သီးနှံများ၊ မီးဖိုချောင်သုံးသီးနှံများ၊ ပန်းပေါင်းစုံပျားရည်များကို  လှည်လည်ကြည့်ရှ့ စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။