ကျောက်ဆည်မြို့နယ်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ဆောင်ရွက်သော နှမ်းသီးနှံသုတေသန စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကို ကျင်းပ
  • Mon, 15 May 2023

ကျောက်ဆည်မြို့နယ်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ဆောင်ရွက်သော နှမ်းသီးနှံသုတေသန စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကို ကျင်းပ


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မဲခေါင်လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) ဖြင့်ဆောင်ရွက်သည့် နှမ်းမျိုးစေ့ထုတ်လုပ်မှု တိုးတက်စေရေးစီမံကိန်း လှုပ်ရှားမှုအနေဖြင့် နှမ်းသီးနှံသုတေသန စမ်းသပ်ကွက်ကွင်းသရုပ်ပြပွဲကို မေလ (၁၄)ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ် ရဲကြီးကျေးရွာတွင်  ကျင်းပပြုလုပ်ခဲ့ပါသည်။ကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျောက်ဆည်ခရိုင် ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ(ရုံးချုပ်)မှ စီမံကိန်းကို အကောင်အထည်ဖော်ဆောင် ရွက်နေကြသော တာဝန်ရှိပုဂ္ဂိုလ်များ၊ စီမံကိန်းဒေသများတွင် သုတေသန ဆောင်ရွက်နေကြ သောမြို့နယ် ဦးစီးမှူးများနှင့်မျိုးသန့်ခြံတာဝန်ခံများနှင့် သုတေသနစမ်းသပ်ကွက်တာဝန်ခံများ၊ ဖိတ်ကြားထားသူများ၊ ကွင်းသရုပ်ပြပွဲသို့ ဖိတ်ကြားထားသော ကျောက်ဆည်မြို့နယ် မှဒေသခံတောင်သူများ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။





ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်း က ဒေသ နှင့်ကိုက်ညီသော နှမ်းမျိုးနှင့် စိုက်နည်းစနစ်များကို တောင်သူများမှသိရှိရန် နှမ်းသီးနှံ စမ်းသပ် ကွက် ကွင်းသရုပ်ပြပွဲများကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့ပြီး။ 



ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးအောင်သူက ကျောက်ဆည် ခရိုင်အနေဖြင့် ဆီထွက်သီးနှံ စုစုပေါင်းစိုက်ဧက  (၉၇၈၉၅) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဆီဖူလုံမှု အနေဖြင့် (၁၂၁.၆၁)ရာခိုင်နှုန်း ရှိကြောင်းနှင့် မဲခေါင်လန်ချန်းစီမံကိန်းဖြင့် ဆောင်ရွက်ထားသည့် နှမ်းသီးနှံသုတေသန စမ်းသပ် ချက်များအပေါ်တောင်သူများအနေဖြင့် စိတ်တိုင်းကျ ရွေးချယ်ကာ မိမိတို့ကြိုက် နှစ်သက်သည့် နှမ်းမျိုးများကို ရွေးချယ်စိုက်ပျိုးနိုင်ကြောင်း အမှာ စကားပြောကြားခဲ့သည်။





ထို့နောက် မဲခေါင်လန်ချန်းပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက် နေသော စီမံကိန်းတာဝန်ခံ စိုက်ပျိုးရေးဦးစီးဌာန၊ မျိုစေ့ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယုမွန် က တောင်သူများအနေဖြင့် ဒေသနှင့်ကိုက်ညီသည့် နှမ်းမျိုးနှင့်စိုက်နည်း စနစ်များ ရွေးချယ်စိုက်ပျိုး နိုင်စေရေးအတွက် နှမ်းသီးနှံသုတေသန စမ်းသပ်ကွက်များကို ၂၀၂၂ခုနှစ်နွေနှမ်းနှင့် ၂၀၂၃ခုနှစ် မိုး၊ဆောင်းနှင့် နွေနှမ်း စမ်းသပ်ကွက်များကို စီမံကိန်းဒေသများဖြစ်သော မကွေးတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့ တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခု နွေနှမ်းစမ်းသပ်ကွက် များကို စိုက်ပျိုးရေးဦးစီးဌာန မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၆) မြို့နယ်၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် (၂) မြို့နယ်နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲအောက်ရှိ မျိုးသန့်ခြံ (၂) ခြံ တို့တွင် ဆောင်ရွက်ခဲ့ပြီးစမ်းသပ်ကွက်များ၏ အပင်ဖြစ်ထွန်းမှုကို တောင်သူများ လေ့လာ သိရှိစေရန် အတွက် ကွင်းသရုပ်ပြပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့ပြီး ဒေသခံ နှမ်းစိုက်တောင်သူများမှ ရဲကြီးကျေးရွာတွင် တောင်သူဦးမြင့်အောင်၏ ကွင်းအမှတ် ၂၃၉၊ ဦးပိုင် အမှတ် ၉က/ခွဲ ၃ (၀.၈၅)ဧကနှင့် ကုလကျေးရွာ တောင်သူဦးစိန်အောင်၏ ကွင်းအမှတ် ၂၇၂၊ ဦးပိုင်အမှတ် ၅ (၅.၆၀)ဧကတွင် စိုက်ပျိုးထားသောဆင်းရတနာ ၃၊ ဆင်းရတနာ ၁၄၊ သိပ္ပံနှမ်းနက်၊ မကွေးနှမ်းနက် ၁/၁၃၊ နှမ်းနက် ၂/၁၄၊ MSS- 13008၊ MSS- 13009 နှင့် MSS- 13011 နှမ်းမျိုးစမ်းသပ်ကွက် များအား ကွင်းဆင်းကြည့်ရှုလေ့လာခဲ့ကြ ကြောင်းသတင်း ရရှိခဲ့ပါသည်။