ရာသီဥတုနှင့် သဘာဝဘေးဒဏ်များကြောင့် သီးနှံများ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး ကြိုတင်စီမံဆောင်ရွက်
  • Sun, 14 May 2023

ရာသီဥတုနှင့် သဘာဝဘေးဒဏ်များကြောင့် သီးနှံများ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး ကြိုတင်စီမံဆောင်ရွက်


ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိ လယ်ယာကုန်ထုတ်လုပ်မှု လုပ်ငန်းများ သဘာဝဘေး ထိခိုက်မှု မဖြစ်ပေါ်စေရေးနှင့် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင် ကြစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်းမြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် တာဝန်ရှိသူများ ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

ရှေ့ဦးစွား ဒုတိယဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ် ရွာမကျေးရွာ တောင်သူဦးဇော်လွင်၏ ရေဆင်းစပ်မျိုး (၁၆) နွေပဲတီစိမ်း အထွက်တိုးစံပြကွက်တွင် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ရာသီဥတုနှင့် သဘာဝ ဘေးဒဏ်များကြောင့် ဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးကြိုတင်စီမံဆောင်ရွက်ရန် လိုအပ်ချက်များနှင့် လယ်ယာကုန်ထုတ်လုပ်ငန်းအပေါ် ထိခိုက်မှုမရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ချက်များ၊ မြေဆီလွှာထိန်းသိမ်းခြင်း သွင်းအားစုထည့်သွင်းခြင်းဆိုင်ရာနည်းစနစ်များ လိုက်နာကျင့်သုံးရန် လိုအပ်ချက် များ၊ စိုက်ပျိုးမြေအားလုံးကွက်ပြည့် အသုံးချနိုင်ရေးနှင့် စွမ်းအားမြှင့်တင် နိုင်ရေးကြိုပမ်းဆောင်ရွက်ရန် လိုအပ်ချက်များ ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်သူများနှင့်အတူ ရေးဆင်းစပ်မျိုး(၁၆) နွေပဲတီစိမ်း အထွက်တိုးစံပြကွက်၏ ဖြစ်ထွန်းအောင်မြင်မှုကို ကြည့်ရှု့အားပေးခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။