မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း လယ်ယာကဏ္ဍလုပ်ငန်းများ ထိခိုက်ပျက်စီး မှုအပေါ် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
  • Thu, 18 May 2023

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း လယ်ယာကဏ္ဍလုပ်ငန်းများ ထိခိုက်ပျက်စီး မှုအပေါ် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း လယ်ယာကဏ္ဍလုပ်ငန်းများ ထိခိုက်ပျက်စီးမှု ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း လယ်ယာ ကဏ္ဍလုပ်ငန်းများ ထိခိုက်ပျက်စီးဆုံးရှံးမှုမြေပြင်စာရင်းမှန် အမြန်ဆုံးကောက်ယူရန်နှင့် ယာယီ အဆောက်အအုံများ ပြုပြင်မွမ်းမံမှု ဆောင်ရွက်နိုင်ရေး၊ မုန်တိုင်းဒဏ်ကြောင့် စိုက်ပျိုးသီးနှံ ပျက်စီးမှုပမာဏ အနည်းငယ်သာရှိသော်လည်း၊ မိုးရာသီစိုက်ပျိုးမည့် သီးနှံမျိုးစေ့များ ပျက်စီးမှု ရှိနိုင်သဖြင့် လိုအပ်သောမျိုးစေ့များ အချိန်မီဖြန့်ဖြူးနိုင်ရန် ကြိုတင်စီမံရေးနှင့် လယ်ယာလုပ်ငန်း ခွင်တွင် စက်မှုလယ်ယာမှ လုပ်ဆောင်ပေးရန်လိုအပ်ပါက အသင့်ရှိစေရေးစီမံဆောင်ရွက် ရန်လိုကြောင်း၊ ယင်းအပြင် မိမိတို့ဦးစီးဌာနအလိုက် ဝန်ထမ်းများနှင့် မိသားစုများ၏ စားဝတ် နေရေးကိုလည်းကောင်း၊ ကျောင်းသားများအတွက် လိုအပ်သောကျောင်းသုံးစာအုပ်များ ဝတ်စုံများ ထောက်ပံ့ပေးနိုင်ရေးနှင့် သက်ဆိုင်ရာဌာနများအလိုက် တင်ပြရမည့် စာရင်းဇယား များအချက်အလက်များကို ချက်ချင်းစိစစ်တင်ပြကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။



ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အစည်းအဝေးတက်ရောက်လာကြသူများက နိုင်ငံတော်အစိုးရ၏ သဘာဝဘေးစီမံခန့်ခွဲရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဒေသဆိုင်ရာအစိုးရများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်သွားရမည့် လုပ်ငန်းများ မုန်တိုင်းသင့်ဒေသများ၌  မိုးသီးနှံစိုက်ပျိုးရာ တွင် လိုအပ်သည့်မျိုးစေ့များဖြည့်ဆည်းပေးနိုင်ရေးအတွက် အခြားတိုင်းဒေသကြီးများရှိ ဌာနပိုင် ခြံများ၊ ပုဂ္ဂလိကလုပ်မျိုးစေ့ထုတ်လုပ်ငန်းရှင်များက ကူညီပံ့ပိုးပေးသွားရန် ချိတ်ဆက်ဆောင်ရွက် ထားရှိမှုများ၊ ကျောင်းဖွင့်ရာသီတွင် စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)ဖွင့်လှစ်ရန် ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များ၊ စက်မှုလယ်ယာစခန်းများရှိ စက်ယန္တရားများ စွမ်းအားပြည့် အသုံးပြု့ နိုင်ရေးနှင့် လိုအပ်ချက်များ ကူညီပေးနိုင်ရေး စက်မှုလယ်ယာဦးစီးဌာန ရုံးချုပ်မှ ကျွမ်းကျင် သူများစေလွှတ်ပေးသွားမည့် အစီအမံများ ရေဘေးကာကွယ်ရေတာများ ထိခိုက်ပျက်စီးမှုနှင့်  ဆည်ရေပေးဝေရေး အဆောက်အအုံများ ထိခိုက်ခဲ့မှုအခြေအနေများ၊ ကာလတိုအတွင်း မွေးမြူရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးနှင့် မွေးမြူရေးတိရစ္ဆာန်သားပေါက်များ ရရှိရေး၊ တိရစ္ဆာန်အစာရရှိရေးအတွက် ပုဂ္ဂလိကမွေးမြုရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးအသင်းအဖွဲ့များက ချိတ်ဆက်ဆောင်ရွက်ထားရှိမှုများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများကို လုပ်ငန်းကိစ္စရပ်များ အသေးစိတ်မှာ ကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။