စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား) ၏ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပနိုင်ရေး ကြည့်ရှုစစ်ဆေး
  • Wed, 31 May 2023

စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား) ၏ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပနိုင်ရေး ကြည့်ရှုစစ်ဆေး


(၃၁.၅.၂၀၂၃) ရက်နေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများသည် စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား) ၏ နှစ် (၁၀၀)ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပနိုင်ရေးအတွက် စိုက်ပျိုးရေးသိပ္ပံကျောင်းဝန်းအတွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး ကဏ္ဍ အလိုက် ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။