စိုက်ပျိုးရေး၊မွေးမြူရေး ဓာတ်ခွဲခန်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိ
  • Sun, 11 June 2023

စိုက်ပျိုးရေး၊မွေးမြူရေး ဓာတ်ခွဲခန်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိ


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ရန်ကုန်မြို့၊ အင်းစိန်ကြို့ကုန်းရှိ စိုက်ပျိုးရေးထွက်ကုန်များ စစ်ဆေးရေးဓာတ်ခွဲခန်းကို ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ တာဝန်ရှိသူများက စိုက်ပျိုးရေး ထွက်ကုန်များ၏ ပိုးသတ်ဆေးဓာတ်ကြွင်းများ စစ်ဆေးခြင်း၊ အဆိပ်သတ္တုများစစ်ဆေးခြင်း၊ မှိုပေါင်းများစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

ထိုနောက် ပြည်ထောင်စုဝန်ကြီးက အစားအစာဘေးကင်းလုံးခြုံရေးသည် ပြည်တွင်းစားသုံးမှု အတွက် သက်တမ်းစေ့နေထိုင်နိုင်ရေးသာမက ပို့ကုန်များ၏ တန်ဖိုးနှင့် ပြည်ပဈေးကွက် အာမခံချက်ရရှိရေးနှင့်လည်း တိုက်ရိုက်ပတ်သက်နေပါကြောင်း စားရေရိက္ခာဖူလုံပိုလျှံရေး အတွက် ကြိုးပမ်းဆောင်ရွက်မှုနှင့်အတူ အဟာရပြည့်ဝပြီး ဘေးကင်းလုံခြုံသည့် စားသောက်ကုန် ထုတ်လုပ်နိုင်ရေးအတွက် စတင်စိုက်ပျိုးသည်မှ ထုတ်လုပ်မှုအဆင့်တိုင်းတွင် သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ ဖြစ်စေရေးအတွက် ခေတ်မီနည်းပညာများ အသုံးပြု ဆောင်ရွက်ရမည်ဖြစ်၍ ဓာတ်ခွဲခန်းများ၊ အဆင့်မြှင့်တင်ခြင်းနှင့် ကျွမ်းကျင်ပညာရှင်များ တိုးပွားလာရေး ကြိုးပမ်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားပြီး ဓာတ်ခွဲခန်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။