စိုက်ပျိုးရေးကျောင်း ပျဉ်းမနားတည်ထောင်ခြင်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အခမ်း အနား ကျင်းပ
  • Sun, 25 June 2023

စိုက်ပျိုးရေးကျောင်း ပျဉ်းမနားတည်ထောင်ခြင်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အခမ်း အနား ကျင်းပ


  1. စိုက်ပျိုးရေးသိပ္ပံကျောင်း ပျဉ်းမနားတည်ထောင်ခြင်း နှစ်(၁၀၀)ပြည် အခမ်းအနားကို ယနေ့နံနက်ပိုင်း က စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား) ကျောင်းဝင်းအတွင်းရှိ နှစ်(၁၀၀) သက်တမ်း ရှေ့ဟောင်း အဆောက် အဦးရှေ့၌ ကျင်းပသည်။




အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်၊ နေပြည်တော် ကောင်စီဝင်များနှင့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ပေါမောက္ခချုပ်များ စိုက်ပျိုးရေး သိပ္ပံပျဉ်းမနား ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ စိုက်ပျိုးရေးသိပ္ပံကျောင်းသားဟောင်းများနှင့် မျိုးဆက်သစ်စိုက်ပျိုးရေးသိပ္ပံကျောင်းသားကျောင်းသူများ၊ စိုက်ပျိုရေးအထက်တန်းကျောင်းသား ကျောင်းသူများနှင့် ဒေသခံတောင်သူလယ်သမားများ တက်ရောက်ကြသည်။





ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဌ ဦးတင်ဦးလွင်နှင့် စိုက်ပျိုးရေး သိပ္ပံကျောင်းသားဟောင်းများက စိုက်ပျိုးရေးကျောင်း ပျဉ်းမနားစတင်တည်ထောင်ခြင်း နှစ်(၁၀၀)ပြည့် အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်နှင့်စိန်ပန်း သပြေဘူတ၊ ငုရွှေဝါပင်များစိုက်ပျိုးပေးကြသည်။




ထိုနောက် ပြည်ထောင်စုဝန်ကြီး၊နေပြည်တော်ကောင်စီဥက္ကဌနှင့် ဧည်သည်တော်များက အထိမ်းအမှတ် ကမ္ဗည်းကြေးပြားကို အမွှေးနံသာရည်များ ပတ်ဖျန်းပေးကြပြီး၊ ခေတ်အဆက်ဆက်က သုံးစွဲခဲ့သည့် ရှေးဟောင်းလယ်ယာသုံးပစ္စည်းများ ဓာတ်ခွဲခန်းသုံးပစ္စည်းမျာနှင့် လက်သမားပစ္စည်းများကို လှည့်လည် ကြည့်ရှစစ်ဆေးခဲ့ကြပါသည်။ 

ယင်းနောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ စိုက်ပျိုးရေးကျောင်း ပျဉ်းမနား စမ်းသပ်ဖွင့်လှစ်ခဲ့သည့် Mr.Brayton Clarke Case (ဗိုလ်ကိတ်ကြီး) ကိုယ်တိုင်ရေးသား စပ်ဆိုခဲ့သော စိုက်ပျိုးရေးကျောင်းဩဘာသီချင်းဖြင့် စိုက်ပျိုးရေးသိပ္ပံကျောင်းသား/ကျောင်းသူများက ဖျော်ဖြေခဲ့ကြသည့်။




ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် စိုက်ပျိုးရေးမွေးမြူရေး ကဏ္ဍဖွံဖြိူးတိုးတက်ရေးတွင် လိုအပ်သောလူသားအရင်းအမြစ်များ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရှင်များ သင်ကြားလေးကျင့်မွေးထုတ်ပေးရန် စိုက်ပျိုးရေး၊‌မွေးမြုရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေးကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုရေးသိပ္ပံဌာနခွဲအောက်တွင် စိုက်ပျိုးရေးသိပ္ပံကျောင်း ၁၅ ကျောင်းကို  တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားရှိ ကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ပျဉ်းမနားစိုက်ပျိုးရေးကျောင်းကို လွန်ခဲ့သော နှစ်ပေါင်းတစ်ရာ့လေးနှစ်ခန့်မှ စတင်၍ စိုက်ပျိုးရေးကျောင်းအဖြစ် တည်ထောင်ခဲ့ကြောင်း၊ မှတ်တမ်း များအရ ၁၉၁၇ ခုနှစ်တွင် Mr.Brayton Clarke Case (ဗိုလ်ကိတ်ကြီး)မှ စိုက်ပျိုးရေးကျောင်း ကိုစမ်းသပ်ဖွင့်လှစ်ခဲ့ပြီး ၁၉၂၀ ပြည့်နှစ်တွင် စိုက်ပျိုးရေးကျောင်းအဖြစ် တရားဝင်ဖွင့်လှစ်နိုင်ရေး လျှောက်ထားခဲ့ရာ စိုက်ပျိုးရေးကျောင်း (American Baptist Missionary (ABM) Agricultural School အဖြစ် ၁၉၂၃ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ရာ ကျောင်းသား ၃၉ ယောက်တက်ရောက် ခဲ့ပါကြောင်း နှစ် (၁၀၀) ပြည့် နှစ်(၁၀၀)ပြည့်သမိုင်းအထောက်အထားအဖြစ် ၁၉၂၃ ခုနှစ်၌ စိုက်ပျိုးရေး ကျောင်းသစ်အတွက် ဆောက်လုပ်ခဲ့သည့် လယ်ယာစက်မှုအဆောက်အဦကို တွေ့မြင်နိုင်ပါကြောင်း၊ စိုက်ပျိုးရေးပညာသင်ကြားခဲ့သည့် သမိုင်းတွင်သာမက မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းအရလည်း သမိုင်းတန်ဖိုးကြီးမားသည်ကို တွေ့ရှိရပါကြောင်း၊ ၁၉၅၄ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပတမဆုံးသော စိုက်ပျိုးရေးသိပ္ပံအဖြစ် အဆင့်မြှင့်ဖွင့်လှစ်နိုင်ခဲ့ပြီး စိုက်ပျိုးမွေးမြူရေး ပညာအမြောက်အမြားကို မွေးထုတ်ပေးနိုင်ခဲ့သည့်အတွက် နိုင်ငံတော်တွင် အဆင့်မြင့် တာဝန်များအထိ ထမ်းဆောင်ပြီး လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေးကို အထောက်အကူပြုဖြစ်ခဲ့ပါကြောင်း ဆက်လက်၍ လည်း စိုက်ပျိုးမွေးမြူရေးအတွက် အရည်အချင်းပြည့်ဝသော စံပြကျောင်းအဖြစ် ဝိုင်းဝန်ကြိုးစား ထိန်သိမ်းကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။ 




ထိုနောက် နေပြည်တော်ကောင်စီဥက္ကဌ ဦးတင်ဦးလွင်က ဝမ်းမြောက်ဂုဏ်ပြုစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဧည့်သည်တော်များကို အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ခဲ့သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဌနှင့် ဧည့်သည်တော်များသည် ခေတ်အဆက်ဆက် စိုက်ပျိုးရေးပညာရပ်များ သင်ရိုးညွှန်းတမ်းပြခန်းများ၊ မျိုးစေ့ပြခန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစုများ၊ စက်မှုလယ်ယာသုံးယာဉ်များ၊ ပစ္စည်းကိရိယာများ စိုက်ပျိုးရေပေးဝေရေးဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှခဲ့ကြပါသည်။




မွန်လွဲပိုင်းတွင် စိုက်ပျိုးရေးကျောင်းပျဉ်မနားစတင်တည်ထောင်ခြင်း နှစ်(၁၀၀)ပြည့် စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရန် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က အမှာစကားပြောကြားပြီး စိုက်ပျိုးရေး သိပ္ပံကျောင်းသားဟောင်းများဖြစ်ကြသည့် ရေဆင်းစိုက်ပျိုးရေတက္ကသိုလ် ပါမောက္ခချုပ်(အငြိမ်းစား) ဒေါက်တာမြင့်သောင်း၊ စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား) ကျောင်းအုပ်ကြီး(အငြိမ်းစား) ဦးတင်ဆန်း၊ လက်ထောက်ကထိက (အငြိမ်းစား) ဦးချစ်ဝိုင်း၊ ပြင်ပစီးပွားရေးလုပ်ငန်းရှင် ဦးအောင်မိုးဟိန်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ဦးဆောင်ဆွေးနွေးကြပြီး အခမ်းအနားတက်ရောက် လာသူများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားကြသည်။

ယင်းနောက် စိုက်ပျိုးရေးကျောင်း၊ ပျဉ်မနား စတင်တည်ထောင်ခြင်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် လိုဂို၊ ပန်းချီ၊ ကဗျာ၊ သီချင်းနှင့် အားကစားပြိုင်ပွဲ၌ ဆုရရှိသူများကို ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့် ခဲ့ကြကြောင်း သတင်းရရှိပါတယ်။