ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုနှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး" စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
  • Thu, 6 July 2023

ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုနှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး" စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ



စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် လစဉ်ကျင်းပလျက်ရှိသည့် ဗုဒ္ဓဟူး နေ့စကားဝိုင်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် (၂၃)ကြိမ်မြောက်အဖြစ် နေပြည်တော်၌ ကျင်းပခဲ့ပြီး “ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုနှင့် အစားအစာဘေးအန္တရာယ် ကင်းရှင်းရေး” ခေါင်းစဉ်ဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲမှ ဦးမျိုးဇော်၊ ညွှန်ကြားရေးမှူးမှ Moderator အဖြစ်ဆောင်ရွက်၍ ဒေါက်တာလှလှမြင့်၊ ဒုတိယညွှန် ကြားရေးမှူး၊ ဦးစိုးထွန်းမင်း၊ ဦးစီးအရာရှိ၊ စိုက်သုတေသနဦးစီးဌာနမှ ဒေါ်လုဘူ၊ ညွှန်ကြားရေးမှူး နှင့်ဒေါက်တာထွေးမင်းသန့်၊ သုတေသနအရာရှိတို့မှ Speakerများအဖြစ် ပါဝင်ဆွေးနွေးခဲ့ကြသည်။ 

အဆိုပါဗုဒ္ဓဟူးနေ့စကားဝိုင်းတွင်  ရာသီအလိုက် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာများ ဆောင်ရွက်ထားရှိမှု၊ အစားအစာများ ထုတ်လုပ်ရာတွင် ဘေးအန္တရာယ် ကင်းရှင်း စေရန်ဆောင်ရွက်ခြင်း၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရာတွင်  စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ (GAP) စနစ်ဖြင့် တောင်သူများ လိုက်နာကျင့်သုံးမှု၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရာ တွင် ဓာတုသွင်းအားစုများ စနစ်တကျ သုံးစွဲနည်းစနစ်များကို တောင်သူများ လိုက်နာကျင့်သုံးမှု၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ဈေးကွက်သို့မတင်ပို့မီ သီးနှံများကို ဓာတုဓါတ်ကြွင်း ပါဝင်မှု   စစ်ဆေးခြင်းလုပ်ငန်းများ၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် သီးနှံများ စိုက်ပျိုးထုတ်လုပ်သည်မှ  စားသုံးသူလက်ဝယ်ရောက်ရှိသည်အထိ ကွင်းဆက်အဆင့်ဆင့် ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြပါသည်။