ကော်ဖီပင်စည်ထိုး ကျိုင်းကာကွယ် နှိမ်နင်းနည်း ဝန်ထမ်းပညာပေးသင်တန်း
  • Fri, 28 July 2023

ကော်ဖီပင်စည်ထိုး ကျိုင်းကာကွယ် နှိမ်နင်းနည်း ဝန်ထမ်းပညာပေးသင်တန်း


သီးနှံကာကွယ်ရေးဌာနခွဲနှင့်ကော်ဖီရာသီသီးနှံဌာနခွဲတို့ပူးပေါင်း၍မန္တလေးတိုင်းဒေသကြီး၊ပြင်ဉီးလွင်ခရိုင်၊မြန်မာ-ခါနန်ကိုးရီးယားသင်တန်း ကျောင်း တွင် ကော်ဖီပင်စည်ထိုးကျိုင်း ကာကွယ် နှိမ် နင်းနည်း ဝန်ထမ်းပညာပေး သင်တန်း အား (၂၆.၇.၂၃) မှ (၂၈.၇.၂၀၂၃) နေ့အထိ ပြည်နယ်/တိုင်းဒေသကြီး( ၁၅) ခုမှ စိုက်ပညာရှင် ဝန်ထမ်း(၃၃)ဉီး နှင့် ခြံလုပ်ငန်းရှင်များအား ပညာပေးဆွေးနွေးခဲ့ပါသည်။ဆွေးနွေးပွဲတွင်ကော် ဖီ ပင်စည်ထိုး ကျိုင်း ကျရောက် မှုမြင့်မား လာရသည့်အကြောင်းအရင်းများ၊ ရာသီဥတုနဲ့ ဆက်စပ်မှုများ၊ ဖျက်ပိုး ၏ နေထိုင်မှု၊ ဘဝစက်ဝန်း၊ လက်ခံပင်များ၊ အရိပ်ရ အပင်များ ၏အကျိုးရှိပုံများ၊ ဘက်စုံကာကွယ် နှိမ် နင်းနည်းလမ်း များ အား သီးနှံကာကွယ်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာ ခင်ခင်မာလာမြင့်မှဆွေး နွေး ရှင်းလင်း၍လက်တွေ့ကွင်းဆင်းသရုပ်ပြခြင်းများပြုလုပ် ခဲ့ပါသည်။