၂၀၂၃-၂၀၂၄ ခုနှစ်၊ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်အတွင်း ဆောင်းသီးနှံ မြေပဲ(မကွေး-၁၁)မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်ဆောင်ရွက်မှုအခြေအနေ
  • Fri, 27 October 2023

၂၀၂၃-၂၀၂၄ ခုနှစ်၊ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်အတွင်း ဆောင်းသီးနှံ မြေပဲ(မကွေး-၁၁)မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်ဆောင်ရွက်မှုအခြေအနေ



၂၀၂၃-၂၀၂၄ ခုနှစ်၊စိုက်ပျိုးရေးဦးစီးဌာန၊ ချင်းပြည်နယ်၊ ဖလမ်းခရိုင်အတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးအတွက် ကျေးလက်နေ တောင်သူဦးကြီးများအား သီးနှံ မျိုးကောင်း မျိုးသန့် မျိုးစေ့များ ထောက်ပံ့ပေးအပ်နိုင်ရေးအတွက် ပြည်နယ်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပြည်နယ်ဦးစီးမှူးရုံးမှ ဆောင်းသီးနှံမြေပဲ(မကွေး-၁၆) မျိုးစေ့တင်း(၆၀)ကို ပေးပို့ထောက်ပံ့စေခဲ့ပါသည်။ အထက်ပါမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားအား (၂၆.၁၀.၂၀၂၃)ရက်နေ့တွင် ဖလမ်းခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ကျင်းပပြုလုပ်ခဲ့ပြီး ဖလမ်းမြို့နယ်ဦးစီးမှူးနှင့်ခရိုင်၊ မြို့နယ်ရှိ ဝန်ထမ်း (၁၈)ဦး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲ (၂၀)ဦးနှင့် တောင်သူ(၃၀)ဦး စုစုပေါင်း (၆၈) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။