ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို ဓာတုဆေးဝါးများ မသုံးစွဲဘဲ သဘာဝနည်းပညာဖြင့် ကြာရှည်အထားခံနိုင်မည့် နည်းပညာများ ရှာဖွေဖော်ထုတ်ပေးရန် ကြိုးပမ်း
  • Sun, 31 December 2023

ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို ဓာတုဆေးဝါးများ မသုံးစွဲဘဲ သဘာဝနည်းပညာဖြင့် ကြာရှည်အထားခံနိုင်မည့် နည်းပညာများ ရှာဖွေဖော်ထုတ်ပေးရန် ကြိုးပမ်း


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးမင်းနောင်သည် ဒုတိယဝန်ကြီး၊ ဦးဗိုလ်ဗိုလ်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်လွဲပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ ရေဆင်းရှိ စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ ရိတ်သိမ်းချိန်လွန်နည်းပညာဌာန(PHRI) ကိုကြည့်ရှ့စစ်ဆေးရာ တာဝန်ရှိသူများက သုတေသနဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှု၊ နည်းပညာပေးသင်တန်းများ ဆောင်ရွက်ထားရှိမှု၊ ဟင်းသီးဟင်းရွက် လေလွင့် ဆုံးရှံးမှုများ စစ်တမ်းကောက်ယူခြင်းနှင့် ရေရရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ ကြပါသည်။




တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရိတ်သိမ်းချိန်လွန်နည်းပညာဆိုင်ရာ သုတေသနဖွံဖြိုးရေးနှင့် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများ၊ ရိတ်သိမ်းချိန်လွန် စီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာများ တိုးတက်လာစေရေးနှင့် သုတေသနရလဒ်ဖြန့်ဝေ ရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရိတ်သိမ်းချိန်လွန်နည်း ပညာများ အသိပညာများ တိုးတက်မြှင်မားလာခြင်းဖြင့် လယ်ယာထွက်ကုန်များ၏ အလေအလွင့်ဆုံးရှုံးမှု လျော့နည်းပြီး ကြာရှည်အထားခံနိုင်ခြင်းဖြင့် တောင်သူများဝင်ငွေ တိုးတက်လာပြီး လူနေမှုဘဝ မြင့်မားလာစေရန် ကြိုးပမ်းကြစေလိုကြောင်း၊ ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံများကို ဓာတုဆေးဝါးများ မသုံးစွဲဘဲ သဘာဝနည်းဖြင့် ကြာရှည် အထားခံနိုင်မည့် နည်းလမ်းများ ရှာဖွေဖော်ထုတ်ကြရန်၊ ဟင်းသီးဟင်းရွက်ရောင်းချသူ အစုအဖွဲ့များအား ဓာတုဆေးများ မသုံးဘဲ တာရှည်ထားနိုင်သည့် နည်းပညာများ ရှင်းပြအသိ ပညာပေးခြင်းကိုလည်း အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးရန်၊ လက်တွေ့ကျပြီး ပိုမိုထိရောက်အကျိုးရှိမည့်နည်းပညာများ ဖော်ထုတ်ဖြန့်ဝေပေးနိုင်ရေး ဆက်လက်ကြိုးပမ်းကြရန် ဆွေးနွေးမှာကြားခဲ့ကြသည်။

ထိုနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သီးနှံများ ဆွတ်ခူးရိတ်သိမ်းပြီး ချိန်နောက်ပိုင်းကာလ လုပ်ငန်းစဉ်များ၏ ရိတ်သိမ်းချိန်စီမံခန့်ခွဲခြင်းလုပ်ငန်းများ အရည်အသွေးတိုင်းတာခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ စမ်းသပ်ခြင်းနှင့် အစားအစာ ဘေးကင်းလုံခြုံမှု သုတေသနလုပ်ငန်းများ‌ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု့စစ်းဆေး ခဲ့ကြောင်း သတင်းရရှိခဲ့ပါတယ်။