နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
  • Wed, 31 January 2024

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ ဇန်နဝါရီ (၃၁)

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်ဆဲ စိုက်ပျိုးရေးစီမံကိန်းလုပ်ငန်းများနှင့်  ဆက်လက်ဆောင်ရွက်မည့်စိုက်ပျိုးရေးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြုရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေး ဝန်ကြီးဌာနတို့မှ အမြဲတမ်း အတွင်းဝန်များဦးစီးဌာနမှားမှညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးများ၊ သမဝါယမဦးစီးဌာနမှူးများ အသင်းအဖွဲ့များမှ တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။




အစည်းအဝေးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သည့် ၂၀၂၂-၂၀၂၃ ခုနှစ်ပဲတီစိမ်းနှင့် နွေစပါးစီမံကိန်း ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးစီမံကိန်းများ၏ အားသာချက်၊ အားနည်းချက်များ ကြုံတွေ့ရသော အခက်အခဲများအား ဆွေးနွေးကြပြီး ပိုမိုကောင်းမွန်သော အကောင်အထည်ဖော်ရေး နည်းလမ်းများအား ဝိုင်းဝန်းအဖြေရှာဆွေးနွေးခဲ့ကြသည်။




ဆက်လက်၍ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် နွေစပါးစီမံကိန်းအတွက် အချိန်မီစာချုပ်ချုပ်ဆိုနိုင်ရေး၊ သွင်းအားစုများကြိုတင်စုဆောင်းထားရှိရေး၊ တောင်သူများ ထံသို့ သွင်းအားစုများ အချိန်မီဖြန့်ဖြူးနိုင်ရေး၊ သွင်းအားစုဈေးနှုန်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှု ဖြင့် တောင်သူများနှင့် ပူးပေါင်း၍ စီမံကိန်းလျားထားချက် ပြည်မီကျော်လွန်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ၂၀၂၃-၂၀၂၄ ဆီထွက်သီးနှံ (မြေပဲ၊နှမ်း၊နေကြာ စီမံကိန်းအား လက်ရှိကြုံတွေ့ရသည့် အားသာချက်၊ အားနည်းချက်များ အား သုံးသပ်၍ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပသို့စားသုံးဆီတင်ပို့နိုင်ရေးအတွက် နိုင်ငံတော်၏ စီမံကိန်းလျားထားချက်များပြည့်မီကျော်လွန်စေရန် စိစစ်ဆောင်ရွက်သွား မည်ကိစ္စ၊ သီးနှံအလိုက်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို သတ်မှတ်ကာလအမီ သုံးစွဲနိုင်ရေးနှင့် ချေးငွေပြန်လည်ကောက်ခံရရှိရေးကိစ္စများအား အချိန်မီဆောင်ရွက်နိုင်ရေး အတွက် စီမံကိန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသောတောင်သူအစုအဖွဲ့၊ ဝယ်ယူ ကြိတ်ခွဲ တင်ပို့သူအစုအဖွဲ့) သွင်းအားစုရောင်းချသူအစုအဖွဲ့များ သတ်မှတ် စည်းကမ်းများ နှင့် အညီဆောင်ရွက်ရေးနှင့် စီမံကိန်းလုပ်ငန်းများအောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရေးနှင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရေးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။