(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးရေးထွက်ကုန် အရည်အသွေးစစ်ဆေးရေးဓာတ်ခွဲခန်းဖွင့်
  • Sun, 11 February 2024

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးရေးထွက်ကုန် အရည်အသွေးစစ်ဆေးရေးဓာတ်ခွဲခန်းဖွင့်


(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကိုဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးရေး၊မွေးမြူုရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေး စစ်ဆေးရေးဓာတ်ခွဲခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်းဝန်းအတွင်း ဓာတ်ခွဲခန်းအဆောက်အအုံသစ်၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြုရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဌာန ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချူုပ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။




ဦးစွာပြည်ထောင်စုဝန်ကြီများနှင့် နေပြည်တော်ကောင်စီဥက္ကဌတို့က စိုက်ပျိုရေးထွက်ကုန် များ အရည်အသွေးစစ်ဆေးရေးဓာတ်ခွဲခန်း အဆောက်အအုံဆိုင်ဘုတ်ကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးပြီး ဧည်သည်တော်များနှင့််အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဌနှင့် ဒုတိယဝန်ကြီးများ က ကမ္ဗည်းမော်ကွန်းကို အမွှေးနံသာများဖြင့် ပတ်ဖျန်းပေးခဲ့ကြသည်။




ထိုနောက် ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်က သီးနှံများ၏ အရည်အသွေးဆိုင်ရာ စံချိန်စံညွှန်းများတွင် အဟာရဓာတ်ပါဝင်မှုများခြင်း၊ လတ်ဆက်၍ နှစ်လိုဖွယ်ရာရှိခြင်းများ အပြင် လူသားတို့၏ ကျန်းမာရေးထိခိုက်စေနိုင်သော အဏုဇီဝများ၊ မှိုအဆိပ်များ၊ အဆိပ်ဖြစ်စေသည့် သတ္တူဓာတ်များနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းများ မပါရှိရန် အလွန် အရေးကြီးပါကြောင်း၊ ယခုဖွင့်လှစ်လိုက်သည့် ဓာတ်ခွဲခန်းတွင် ပိုးသတ်ဆေးဓာတ်ကြွင်း များနှင့် အဟာရဓာတ်များကို နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲစစ်ဆေးပေးနိုင်မည့်ဖြစ်၍ အစားအစာဘေးအန္တာရာယ်ကင်းရှင်းရေးလုပ်ငန်းများကို လုပ်ဆောင်သွားရန် တိုက်တွန်းပြောကြားပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးစစ်ဆေးရေးဓာတ်ခွဲခန်းတည်ဆောက်ဖွင့်လှစ်ရခြင်းနှင့် ပြည်တွင်းစားသုံးမှုနှင့် ပို့ကုန်များ၏ အစားအစာဘေးကင်းလုံးခြုံမှုအတွက် ဓာတ်ခွဲခန်းလုပ်ငန်းများ၏ အရေးပါမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည်သည်တော်များသည် စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးစစ်ဆေးရေးဓာတ်ခွဲခန်းတွင် လှည်လည်ကြည့်ရှ့ခဲ့ကြသည်။




ယခုဖွင့်လှစ်သော စိုက်ပျိုးရေးထွက်ကုန်များအရည်အသွေးစစ်ဆေးရေးဓာတ်ခွဲခန်းတွင် ခေတ်မီစက်ကိရိဖြစ်သည့် Liquid Chromatography and Inductively Coupled Plasma Spectrometry(LC-ICPMS) ကိုအသုံးပြုပြီး စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ GAP လုပ်ငန်းစဉ်နှင့် ပြည်ပသို့စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုအတွက် အရေးကြီးသော အဆိပ်ဖြစ်သတ္တုများဖြစ်သည့် အာဆင်းနစ်(Arsenic) ကက်ဒ်ဆီမီယမ်(Cdmium)၊ ကြေးနီ(Copper)၊ ခဲ(Lead)၊ နီကယ်(Nickle)၊များကို စစ်ဆေးပေးသွားမည်ဖြစ်ပြီး၊ စိုက်ပျိုးရေးထွက်ကုန်များတွင် ရောနှောပါဝင်နေတက်သည့် အဆိပ်ဖြစ် သတ္တုဓာတ် (Heavy Metals) များစစ်ဆေးခြင်း၊ GAP လုပ်ငန်းစဉ်တွင် စိုက်ခင်းမစတင်မီ မြေနမူနာနှင့် ရေနမူနာတို့တွင် ပါဝင်နိုင်သည့် အဆိပ်ဖြစ်သတ္တုဓာတ် (Heavy Metals) ဓာတ်များ စစ်ဆေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခြင်အပြင် စိုက်ပျိုးရေးထွက်ကုန်များ၏ အရည်အသွေးနှင့် အာဟာရဓာတ်များကို တိုင်းတာစစ်ဆေးနိုင်ရန်အတွက်လည်းဆောင်ရွက် ထားရှိကြောင်း၊ သီးနှံများ၏ အချိုဓာတ်၊ အချဉ်ဓာတ်၊ ဗီတာမင်စီ၊ ဘီတာခရိုတင်းနှင့် ဓာတ်တိုဆန့်ကျင်ပစ္စည်း အန်တီအောက်စီဒင့်(Anti oxidants) များကိုလည်း ခေတ်မီစက်ကိရိယာနည်းပညာများအသုံးပြုခြင်းဖြင့်တိုင်းတာစစ်ဆေးပေးသွားမည်ဖြစ်ပြီး အရည်အသွေးနှင့် အာဟာရဓာတ်ပြည့်ဝသော စိုက်ပျိုးရေထွက်ကုန်များကို အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခြင်းဖြင့် မြန်မာ့စိုက်ပျိုးရေး ထွက်ကုန်များအနေဖြင့် ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းအား တိုးတက်မြင့်မားလာစေရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထွက်ကုန် အရည်အသွေးစစ်ဆေးခန်းကို ရန်ကုန်မြို့တွင် တည်ထောင်ထားရှိခဲ့ရာ ယခုနေပြည်တော်တွင် ထပ်မံ၍တိုးချဲ့ခဲ့ခြင်းဖြစ်ပြီး၊ မန္တလေးမြိုတွင် လည်း ဆက်လက်၍ ဖွင့်လှစ်နိုင်ရေးစီမံထာရှိကြောင်း သတင်းရရှိခဲ့ပါသည်။