စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် “မျိုးစေ့ပြပွဲ ၂၀၂၄” တတိယနေ့သို့ တက်ရောက်ကြည့်ရှ့အားပေး
  • Mon, 4 March 2024

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် “မျိုးစေ့ပြပွဲ ၂၀၂၄”  တတိယနေ့သို့ တက်ရောက်ကြည့်ရှ့အားပေး


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်းကြီးဌာနက တောင်သူလယ်သမားနေ့ကို ဂုဏ်ပြု သောအားဖြင့် စိုက်ပျိုးရေးကဏ္ဍလှုပ်ရှားမှု ရက်သတ္တပတ်မှာပါဝင်တဲ့ “မျိုးစေ့ပြပွဲ ၂၀၂၄” ကို မတ်လ(၁) ရက်နေ့မှ (၃) ရက်နေ့အထိ နေပြည်တော်ရှိ ၊ပျဉ်းမနားမြို့ စိုက်ပျိုးရေး သိပ္ပံဝန်းအတွင်း ကျင်းပလျက်ရှိရာ ပြပွဲကာလသုံးရက်အတွင်း နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ တောင်သူလယ်သမားများ၊ စိုက်ပျိုးရေးအထူးပြု ကုမ္ပဏီများ၊ မျိုးစေ့ဆိုင်ရာကုမ္ပဏီများ၊ လုပ်ငန်းရှင်းများ၊ စိုက်ပျိုးရေးကို စိတ်ပါဝင်စားကြသော ပြည်သူများ၊ ရေဆင်းစိုက်ပျိုးရေတက္ကသိုလ်နှင် စိုက်ပျိုးရေးသိပ္ပံကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း လေ့လာသူတစ်ထောင်ငါးရာကျော်တို့ လာရောက် လေ့လာခဲ့ကြပါသည်။




မတ်လ(၃) ရက်နေ့မှာ လာရောက်လေ့လာကြတဲ့ မကွေးတိုင်းဒေသကြီးမှ တောင်သူ လယ်သမားများနှင့် နေပြည်တော်ကောင်စီနယ်မြေမှ လာရောက်လေ့လာကြသူများအား ဒုတိယဝန်ကြီး၊ ဒေါက်တာတင်ထွဋ်နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာရဲတင့်ထွန်း တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကြပြီး၊ ပြခန်း၊ ပြကွက် များအား မျိုးစေ့စမ်းသပ်စိုက်ကွင်းများအား လိုက်လံရှင်းလင်းပြသရာမှာ ဒုတိယဝန်ကြီးက မျိုးစေ့ပြပွဲက ရရှိသောနည်းပညာများ၊ အတွေ့အကြုံများ၊ မျိုးစေ့ပြပွဲရဲ့ အသွင်သဏ္ဍာန်များ၊ အနှစ်သာရတွေကို စနစ်တကျလေ့လာသွားကြပြီး မျိုးစေ့ကဏ္ဍဖွံဖြိုးရေးနှင့် မျိုးစေ့လုပ်ငန်း အခြေခံသည့် အသေးစား၊အငယ်စားနှင့်အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ထွန်းကားလာစေရေး ကြိုးပမ်းသွားကြစေလိုကြောင်း၊ မျိုးစေ့ထုတ်ကုမ္ပဏီပြခန်းများမှ လေ့လာရရှိခဲ့ကြတဲ့ အတွေ့အကြုံများ၊ ဗဟုသုတနှင့် အဆက်အသွယ်များကို တောင်သူအချင်းချင်း သတင်းအချက်အလက်များဖလှယ်ပြီး သီးထပ်စွမ်းအားနှင့် အထွက်နှုန်းတိုးတက်စေရေး၊ ဝင်ငွေတိုးတက်ရရှိစေရေးကိုဆက်လက် ကြိုးပမ်းသွားကြရန် တိုက်တွန်းလိုကြောင်း၊ နေကြာသီးနှံအပါအဝင် ပင်ကြားဝတ်မှုန်ကူးတဲ့သီးနှံများ စိုက်ပျိုးရာမှာလည်း ပျားမွေးမြုရေးလုပ်ငန်းကိုပါ ဆက်လက်လုပ်ကိုင်သွားကြရမှာဖြစ်ကြောင်း၊ တောင်သူလယ်သမားများအနေဖြင့် မိမိတို့စီးပွားရေးတိုးတက်စေဖို့ ဆောင်ရွက်ခြင်းသည် နိုင်ငံ့စီးပွားတိုးတက်စေရန် စောင့်ရှောက်တက်ရာရောက်ပါကြောင်း ပြောကြားခဲ့သည်။

တောင်သူလယ်သမားများ၊ စိုက်ပျိုးရေးသိပ္ပံကျောင်းသားများနှင့် လေ့လာရေးအဖွဲ့များသည် “မျိုးစေ့ပြပွဲ ၂၀၂၄” မှာ မျိုးစေ့ကုမ္ပဏီများ၊ မျိုးစေ့ထုတ်အသင်းအဖွဲ့များက ခင်းကျင်းပြသထား‌သောပြခန်းများ ၊ မျိုးစေ့မှတ်ပုံတင်ရန် သီးနှံမျိုးနမူနာများအား စမ်းသပ်စိုက်ပျိုးထားစဉ် စိုက်ကွက်များ၊ စိုက်ပျိုးရေးဆိုင်ရာအလေအကျင့်ကောင်း GAP စိုက်ကွက်များကို လှည်လည် ကြည့်ရှု့လေ့လာသွားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။