မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ၏ (၂၇) ကြိမ်မြောက် အစည်းအဝေး ကျင်းပ
  • Wed, 13 March 2024

မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ၏ (၂၇) ကြိမ်မြောက် အစည်းအဝေး ကျင်းပ


မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ၏ (၂၇) ကြိမ်မြောက် အစည်းအဝေးကို စိုက်ပျိုးရေး၊ မွေးမြုရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် ကော်မတီဝင်များ၊ သီးနှံကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့ (Technical Working Groups)များမှ အဖွဲ့ခေါင်းဆောင်များ၊ သီးနှံကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာမှာ မျိုးစေ့လုပ်ငန်းလိုင်စင်များကို အွန်လိုင်မှတစ်ဆင့် ထုတ်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ စာရေးရိက္ခာဖူလုံရေး၊ အဟာရပြည့်ဝရေး၊ အစားအစာဘေး ကင်းလုံခြုံမှုစေရေးနှင့် တောင်သူလယ်သမားများဝင်ငွေတိုးတက်စေရေးအတွက် အရေးကြီးတဲ ကဏ္ဍတစ်ခုဖြစ်တဲ့ စိုက်ပျိုးမည့်သီးနှံများ၏ မျိုးစေ့အရည်အသွေးမှန်ကန်ရေး၊ စံချိန်စံညွှန်ပြည့်မီ ရေးကို မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီက စစ်ဆေးကြပ်မတ်ပေးလျက်ရှိသလို ပြည်ပမှ တင်သွင်းနေရတဲ့ မျိုးစေ့ပမာဏကို လျှော့ချနိုင်ရန်နှင့် ပြည်ပမှ တင်သွင်းသောမျိုးစေ့များကို အသုံးပြုရာမှာ မျိုးစေ့ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ  မျိုးစေ့အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ 




မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ အနေနဲ့ (၂၆) ကြိမ်မြောက် အစည်းအဝေးကျင်းပပြီးချိန်ထိ လယ်ယာသီးနှံ (၆၅၇) မျိုး၊ ဥယျာဉ်ခြံသီးနှံ (၈၃၉) မျိုး၊ စက်မှုသီးနှံ (၁၂၈) မျိုးနှင့် မိဘမျိုးလိုင်း (၁၉၅) စုံ၊ စုစုပေါင်း မျိုးသစ်မျိုးဖျား (၁၈၁၉) မျိုးကို  မျိုးစေ့အသိအမှတ်ပြုလက်မှတ်ထုတ် ပေးနိုင်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက သက်ဆိုင်ရာ သီးနှံကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့များနှင့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီတို့က အဆင့် ဆင့်စိစစ်ပြီး သဘောထား မှတ်ချက်များနှင့်အတူ တင်ပြလာသော စမ်းသပ်စိုက်ပျိုး အဖြေရရှိပြီး သည့် သီးနှံ (၅) မျိုး၏ မျိုးသစ် မျိုးဖျား (၁၉) မျိုး၊ Document အပြည့်အစုံဖြင့် တင်ပြမည့်သီးနှံ (၁၁) မျိုး၏ မျိုးသစ်မျိုးဖျား (၂၉) မျိုး၊ စုစုပေါင်း မျိုးသစ် မျိုးဖျား (၄၈) မျိုး တို့နှင့်စပ်လျဉ်း၍ တင်ပြခဲ့ပါသည်။



ထိုနောက် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီဥက္ကဌနှင့် တက်ရောက်လာသူများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် သက်ဆိုင်ရာကုမ္ပဏီများမှ ခင်းကျင်းပြသထားသော မျိုးစေ့နမူနာများအား ကြည့်ရှု့ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။