(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာ သစ်လှုပ်ရှားမှု စံပြကျေးရွာများသို့ ရန်ပုံငွေထောက်ပံ့ပေးအပ်
  • Sat, 23 March 2024

(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာ သစ်လှုပ်ရှားမှု စံပြကျေးရွာများသို့ ရန်ပုံငွေထောက်ပံ့ပေးအပ်


(၇၉) နှစ်မြောက် တပ်မတော်နေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာ များသို့ ရန်ပုံငွေထောက်ပံ့ပေးအပ်ပွဲနှင့် ကျေးရွာသစ်လှုပ်ရှားမှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်း AERDTC ၌ ကျင်းပသည်။




အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ် များ၊ ဌာနတာဝန်ရှိသူများ၊ ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာများ ထူထောင်ဆောင် ရွက်ကြမည့်မြို့နယ်များမှမြို့နယ်ဦးစီးမှူးများ၊ စီမံကိန်းဝင်ကျေးရွာ ၄၀ မှ ကျေးရွာသစ်လှုပ်ရှား မှုကော်မတီဥက္ကဌများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးဦးစီးဌာနက ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ အထောက်အပံ့ဖြင့် ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာများ ထူထောင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယနေ့အထိကျေးရွာပေါင်း ၂၂၄ ရွာ၏ အခြေခံ အဆောက်အအုံများ၊ ဝင်ငွေတိုးလုပ်ငန်းများနှင့် ကျေးရွာသူကျေးရွာသားများ၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။ကျေးရွာများအနေဖြင့် ကျေးရွာတစ်ရွာထုတ်ကုန် တစ်မျိုးထုတ်လုပ်ပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း၊ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းစံပြဆောင်ရွက်ကြမည့် ကျေးရွာခေါင်း ဆောင်များအနေဖြင့် မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အတွက်စီမံကိန်းတွင်မိမိတို့ ရွာသူရွာသားများ တက်တက်ကြွကြွ ပါဝင်လာနိုင်အောင်စည်းရုံးပြီး စံနမူနာကောင်းပေးနိုင်သည့် ခေါင်းဆောင်များဖြစ်အောင် ကြိုးစားအားထုတ်ကြရန်နှင့် မိမိတို့ကျေးရွာများကို နေချင့်စဖွယ် ကောင်းသော စံပြကျေးရွာများ ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြား သည်။




ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့မှုနှင့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာများအတွက် ရန်ပုံငွေ များထောက်ပံ့ပေးအပ်ပြီးဒုတိယဝန်ကြီးများက မတ် ၁၈ ရက်မှ ယနေ့ ၂၂ ရက်အထိ ကျေးရွာသစ်လှုပ်ရှားမှု အခြေခံသင်တန်း (၁/၂၀၂၄) သင်တန်းဆင်း လက်မှတ်များကို ပေးအပ် ကြရာ သင်တန်းသား ကိုယ်စားလှယ်များက လက်ခံရယူကြသည်။