စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဆီထွက်သီးနှံ (မြေပဲ၊နှမ်း၊နေကြာ) စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြှင့်မားရေးနှင့်လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်
  • Fri, 29 March 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဆီထွက်သီးနှံ (မြေပဲ၊နှမ်း၊နေကြာ) စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြှင့်မားရေးနှင့်လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်


ဆီထွက်သီးနှံ မြေပဲ၊နှမ်း၊နေကြာ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်မားရေးနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးရန် မကွေးတိုင်းဒေသကြီးတွင် ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲအောက်ရှိ ပွင့်ဖြူမျိုးသန့်ခြံ၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ကြည့်ရှ့စစ်ဆေးပြီး လိုအပ်ချက်များကို တာဝန်ရှိ သူများဆွေးနွေး မှာကြားခဲ့ပြီး၊ ယင်းနောက် ပွင့်ဖြူမျိုးသန့်ခြံ မျိုးစေ့ထုတ် စိုက်ကွင်းမှာ ခေတ်မီမျိုးစေ့ချ ကိရိယာအသုံးပြု့ပြီး မျိုးစေ့ထုတ်ရန်နွေနှမ်းစိုက်ပျိုးနေမှု ဘောင်ကြီးတင်စနစ်ဖြင့် နွေနှမ်း စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ကြည့်ရှ့အားပေးပြီး သရုပ်ပြပွဲသို့လာရောက်လေ့လာကြသော တောင်သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ပါသည်။



ဆက်လက်၍ ပွင့်ဖြူစိုက်ပျိုးရေးနှင့် မွေးမြုရေးသိပ္ပံကျောင်းသို့ရောက်ရှိကာ ကျောင်းအုပ်ကြီး နှင့်တာဝန်ရှိသူများက စာသင်နှစ်အလိုက်ဆောင်ရွက်လျက်ရှိတဲ့ စာတွေ့လက်တွေ့ သင်ကြားသင်ယူရေးလုပ်ငန်းများ ကျောင်းသား/ကျောင်းသူများ၏ ကာယညဏဖွဲ့ဖြိုးရေး လုပ်ငန်းများစီမံဆောင်ရွက်နေမှုများအား လာမည့်စာသင်နှစ်တွင်တိုးချဲ့ဖွင့်လှစ်မည့် မွေးမြုရေးဒီပလိုမာသင်တန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကိုရှင်းလင်း တင်ပြခဲ့ပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး စိုက်ပျိုးရေးသိပ္ပံကျောင်း၏ လက်တွေ့သင်ကြားလေကျင့်ရေးစိုက်ကွင်း များကို ကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မကွေးမြို့ ပုဂ္ဂလိကဆီစက်လုပ်ငန်းရှင်များ၏ နေကြာဆီ နှင့် မြေပဲဆီထုတ်လုပ်မှုများကို လှည့်လည်ကြည့်ရှု့စစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ အကြံညဏ် များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။