စိုက်ပျိုးရေး ဦးစီးဌာန၏ e-government လုပ်ငန်းများ တဆင့်ပြီးတဆင့် တိုးတက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ
  • Wed, 7 August 2024

စိုက်ပျိုးရေး ဦးစီးဌာန၏ e-government လုပ်ငန်းများ တဆင့်ပြီးတဆင့် တိုးတက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ


တောင်သူလယ်သမားများ နှင့် စိုက်ပျိုးရေးလုပ်ငန်း ကွင်းဆက်တစ်လျောက်တွင် ပါဝင်ပတ်သက်သူအားလုံး အကျိုးစီးပွားတိုးတက်အောင်မြင်ရေး အတွက် စိုက်ပျိုးရေး ဦးစီးဌာန၏ နည်းပညာဝန်ဆောင်မှုလုပ်ငန်းများတွင် ICT နည်းပညာ ကို ထိရောက်စွာ အသုံးချဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ 

စိုက်ပျိုးရေးနည်းပညာများ ၊ စျေးကွက်သတင်းများ ၊ ရာသီဥတုနှင့် သဘာဝဘေး ဆိုင်ရာများသတင်းအချက်အလက် နှင့် နှိုးဆော်ချက်များ ကို မိုဘိုင်းဖုန်းအသုံးပြု လူမှုကွန်ယက်မီဒီယာများတွင် အချိန်နှင့်တပြေးညီ ဖော်ပြပေးခြင်း ၊ ဝဘ်ဆိုဒ် စာမျက်နှာများ တွင် အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ရန် စီမံဆောင်ရွက်ခြင်း ၊ စိုက်ပျိုးရေးဆိုင်ရာ သိရှိလိုသည်များမေးမြန်းနိုင်ရန်  doa.argichatbot application ရေးဆွဲ ဖြန့်ဝေပေးရန်  စိုက်ပျိုးရေး ဦးစီးဌာန က ဆောင်ရွက်လျက်ရှိသည်။




နိုင်ငံတော်က ICT နှင့် e-government လုပ်ငန်းများကို အလေးထားဆောင်ရွက် လျက်ရှိကြောင်း၊ လက်ငင်းဆောင်ရွက်၍ရသော တောင်သူပညာပေးကဏ္ဍများအတွက် ချက်ချင်း အကောင်အထည်ဖော်ရန် နှင့် သတင်း အချက်အလက်များမှန်ကန်ရေး၊ အချိန်နှင့် တပြေးညီတင်ပြနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခင်ရှိပြီး ပညာပေး စာအုပ် စာစောင် စာတမ်းများမှ renew(အသစ်) ပြုလုပ်၍ e-book အဖြစ် website တွင် လွှင့်တင်၍ ကြည့်ရှုလေ့လာနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ICT နှင့်            e-government လုပ်ငန်းများမှာ ကျယ်ပြန့်၍ ငွေကြေးနှင့် ကျွမ်းကျင်မှုများ လိုအပ်သဖြင့် ဌာနစိတ်တစ်ခု အဖြစ် သီးခြားတာဝန်ပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ရုံးတွင်း လုပ်ငန်းများ အတွက် e-government လုပ်ငန်းများ တဆင့်ပြီးတဆင့် တိုးတက် အကောင် အထည်ဖော်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း က ပြောသည်။

ICT နှင့် e-government လုပ်ငန်းများ တိုးတက် အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ ၇ ရက်နေ့ က နေပြည်တော်ရှိ စိုက်ပျိုးရေးဦးစီးဌာန ရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊  ဌာနခွဲညွှန်ကြားရေးမှူး နှင့် ICT ကျွမ်းကျင်သူ အရာထမ်းများ တက်ရောက်ကြသည်။

လက်ရှိတွင် social media များ တွင် စိုက်ပျိုးရေး ဆိုင်ရာ သတင်းအချက်အလက်နှင့် နည်းပညာများ လွှင့်တင်ထားသကဲ့သို့ website တွင်လည်း စိုက်ပျိုးရေး ပညာပေး ကဏ္ဍများ၊ သတင်းများ ၊ e-book များ လွှင့်တင်ထားပြီး ဆက်လက်၍ argichatbot application ကိုလွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။