ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ရုံးစာရေးသားနည်း သင်တန်း တွင် အဖွင့်အမှာစကားပြောကြား
  • Mon, 12 August 2024

ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ရုံးစာရေးသားနည်း သင်တန်း တွင် အဖွင့်အမှာစကားပြောကြား


စိုက်ပျိုးရေးဦးစီးဌာန တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေး အတွက် ရုံးစာရေးသားနည်း သင်တန်းကို ဩဂုတ်လ(၁၂)ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန ရုံးချုပ် သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

သင်တန်း ဖွင့်ပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ ၊ ဌာနခွဲ ညွှန်ကြားရေးမှူးများ တက်ရောက် အားပေးခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ် က သင်တန်းဖွင့် အမှာစကားပြောကြားသည်။




ယခုဖွင့်လှစ်သည့် စိုက်ပျိုးရေးဦးစီးဌာန ၏ ရုံးစာရေးသားနည်း သင်တန်း တွင် သင်တန်းသား သင်တန်းသူ (၅၀)ဦးတက်ရောက် ကြမည်ဖြစ်ပြီး ရုံးစာရေးသားရာ၌ သတ်မှတ်စံနှုန်းများနှင့်အညီဖြစ်စေရေး၊ ကျစ်လစ်ပြေပြစ်မှု ရှိစေရေး ၊ သတ်ပုံ သတ်ညွှန်း နှင့် ဝါကျအထားအသိုမှန်ကန်စေရေး အတွက် ကျွမ်းကျင်သူများ က နည်းပညာမျှဝေဆွေးနွေး ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ အထွေထွေ ရုံးစာများ ၊ အမိန့်နှင့် ညွှန်ကြားချက် ၊ လုပ်ငန်း မှတ်တမ်း၊ လုပ်ငန်းစီမံချက် စသည့် ရုံးစာရေးသားခြင်း လုပ်ငန်းများ ၌ ဦးစီးဌာနအောက်ရှိ ဌာနခွဲများအားလုံး တပြေးညီ တစ်ပုံစံတည်းဖြစ်စေရေး နှင့် ပြည်ထောင်စုရာထူးဝန် အဖွဲ့က ထုတ်ဝေသော ရုံးလုပ်ငန်းလက်စွဲပါ နောက်ဆုံး ပြင်ဆင်ထားသည့် ရုံးစာပုံစံအထားအသိုများအား စနစ်တကျ သိရှိလိုက်နာနိုင်ရေးကိုပါ ထည့်သွင်း ပို့ချပေး သွားမည် ဖြစ်ကြောင်း သိရှိရသည်။