ကိုရီးယားသမ္မတနိုင်ငံမှ စိုက်ပျိုးရေးပညာရှင်များနှင့်တွေ့ဆုံ
  • Fri, 23 August 2024

ကိုရီးယားသမ္မတနိုင်ငံမှ စိုက်ပျိုးရေးပညာရှင်များနှင့်တွေ့ဆုံ


ကိုရီးယားသမ္မတနိုင်ငံမှ စိုက်ပျိုးရေးပညာရှင်များသည် မြန်မာနိုင်ငံနှင့်ပူးပေါင်း ၍ ပြည်ပပို့ကုန်အဖြစ် တိရစ္ဆာန်အစာ အစေ့ထုတ်ပြောင်း နှင့် ပဲမျိုးစုံ စိုက်ပျိုး ထုတ်လုပ် နိုင်ရေး ဆွေးနွေးခြင်းကို ယနေ့နံနက် (၁၁)နာရီက စိုက်ပျိုးရေးဦးစီးဌာန ရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 



ဆွေးနွေးရာတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က မြန်မာနိုင်ငံအနေဖြင့် အစေ့ထုတ်ပြောင်းကို ပြည်တွင်း တိရစ္ဆာန်အစာစက်ရုံများက အနည်းငယ်သာသုံးစွဲပြီး ကျန်ရှိသော စိုက်ပျိုးထွက်ရှိသမျှ အစေ့ထုတ်ပြောင်းများအား တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ကိုရီးယား စိုက်ပျိုးရေးပညာရှင်အဖွဲ့အနေဖြင့် အထွက်နှုန်းကောင်းသော မျိုးများကို အသုံးပြု၍ မြန်မာနိုင်ငံတွင်လာရောက်စိုက်ပျိုးပြီး ကိုရီးယားနိုင်ငံသို့ ပြန်လည်တင်ပို့ရောင်းချ နိုင်ရေးအတွက် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးရန် အသင့်ရှိပါကြောင်း၊ ပဲမျိုးစုံအတွက် ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံတို့ကို အဓိကစိုက်ပျိုးတင်ပို့လျက်ရှိကြောင်း၊ ကိုရီးယားနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍရင်းနှီးမြုပ်နှံမှုကို ကြိုဆိုအားပေးကူညီပေးမည် ဖြစ်ပြီး ဆက်စပ်ဌာနများနှင့် ချိန်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။




အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဦးမျိုးဇော် နှင့် ညွှန်ကြားရေးမှူးများ၊ ကိုရီးယားသမ္မတနိုင်ငံမှ စိုက်ပျိုးရေးပညာရှင်များ နှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိသည့် Mahaw General Trading Co-operative Society Co,Ltd. မှ ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။