ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၃) ကြိမ်မြောက် အစည်းအဝေးကျင်းပ
  • Wed, 28 August 2024

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၃) ကြိမ်မြောက် အစည်းအဝေးကျင်းပ


ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၃) ကြိမ်မြောက်အစည်းအဝေးကို ဩဂုတ်လ(၂၈) ရက်နေ့က စိုက်ပျိုးရေး၊‌မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရုံးတွင် ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဌ ဒုတိယဝန်ကြီးဒေါက်တာ တင်ထွဋ်က စိုက်ပျိုးရေးလုပ်ငန်းတွင် သီးနှံများဖြစ်ထွန်းအောင်မြင်ရေးနှင့် အထွက် နှုန်းတိုးတက်ရေးအတွက် အရည်အသွေးကောင်းမွန်သောပိုးသတ်ဆေးများကို စနစ် တကျသုံးစွဲရန်လိုအပ်ပါကြောင်း၊ အခြားတစ်ဖက်တွင်လည်း အစားအစာဘေးကင်း လုံးခြုံရေးနှင့် ပြည်ပပို့ကုန်အဖြစ်တင်ပို့ရာတွင် အပြည်ပြည်ဆိုင်ရာ(Food Safety Standard) များနှင့် ညီညွှတ်စေရေးလေ့လာဆောင်ရွက်ရန် လိုအပ်ပါသဖြင့် သက်ဆိုင် ရာဌာနများဖြင့် ပေါင်းစပ်ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် မိမိတို့ပိုးသတ်ဆေးမှတ်ပုံ တင်အဖွဲ့အနေဖြင့် ဆိုင်ရာကဏ္ဍများမှ လိုအပ်သောအကြံပြုဆွေးနွေးချက်များဖြင့် ဝိုင်းဝန်းကြိုးပမ်းပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်ရမည့် ကိစ္စရပ်များ ဖြစ်သော အဆိပ်ရှိပစ္စည်း (Active Ingredient) အမျိုးအစားနှင့် ကုန်သွယ်မှုအမည် (Trade Name)  အလိုက်စမ်းသပ်မှုများကို စိစစ်သုံးသပ်ပြီး စမ်းသပ်မှုရလဒ်များ အောင်မြင်ခဲ့သော ပိုးသတ်ဆေးများကို ယာယီသုံးစွဲခွင့်မှတ်ပုံတင်အမျိုးအစားသို့ တိုးမြှင့်ခွင့်ပြုနိုင်ပါရန် ပိုးသတ်ဆေးနည်းပညာကော်မတီအစည်းအဝေးတွင် အဖွဲ့ဝင် များဆွေးနွေး၍ ဆက်လက်တင်ပြလာသောကိစ္စရပ်များ အပြည့်အဝသုံးစွဲခွင့်ပြု မှတ်ပုံတင်အမျိုးအစားသို့ သက်တမ်းတိုးလျှောက်ထားလာသော ပိုးသတ်ဆေးများနှင့် သတ်မှတ်ကာလထက်ကျော်လွန်သော ပိုးသတ်ဆေးများအား ပိုးသတ်ဆေးဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်စီမံဆောင်ရွက်ရန် ကိစ္စရပ် များကို ဆွေးနွေးသည်။ ပိုးသတ်းဆေးမှတ်ပုံတင်အဖွဲ့၏ (၄၂) ကြိမ်မြောက် အစည်း အဝေး ပြီးဆုံးသည့်ကာလအထိ ပိုးသတ်ဆေးစုစုပေါင်း ၄၂၃၇ မျိုးကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။




အလားတူ ဒုတိယဝန်ကြီးသည် နံနက်ပိုင်းကလည်း စိုက်ပျိူးပညာတိုးချဲ့ပညာ ပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းတွင်(AERDTC) တွင်ဖွင့်လှစ်ပို့ချလျက်ရှိသော မျိုးစေ့နည်းပညာပြန့်ပွားရေးဆိုင်ရာ အသိပညာပေး သင်တန်းတွင် တက်ရောက်လျက်ရှိသော တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်မျိုးစေ့ တာဝန်ခံများနှင့် မြို့နယ်မျိုးစေ့ဝန်ထမ်း သင်တန်းသား သင်တန်းသူများအား သွား ရောက်တွေ့ဆုံ၍ နည်းပညာပေးလုပ်ငန်းများတွင် Artificial Intelligent(AI) ကိုအသုံးပြုနိုင်ရေးကို လေးကျင့်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း လုပ်ငန်းလမ်းညွှန် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။