ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိရေကြီးနစ်မြုပ်စိုက်ခင်းများပြန်လည် စိုက်ပျိုးနိုင်ရေးနှင့်လယ်သီးထပ်နေကြာသီးနှံစိုက်ပျိုးနိုင်ရေးကွင်းဆင်းကြည့်ရှုစစ်ဆေး
  • Fri, 30 August 2024

ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိရေကြီးနစ်မြုပ်စိုက်ခင်းများပြန်လည် စိုက်ပျိုးနိုင်ရေးနှင့်လယ်သီးထပ်နေကြာသီးနှံစိုက်ပျိုးနိုင်ရေးကွင်းဆင်းကြည့်ရှုစစ်ဆေး


ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိမြို့နယ် (၈)မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မိုးစပါးနှင့်မိုးသီးနှံ(၅၈၀၇)ဧကနစ်မြုပ်ခဲ့ရသည့်အတွက် နေပြည် တော်ကောင်စီနှင့်စိုက်ပျိုး ရေးဦးစီးဌာနတို့က အချိန်မီပြန်လည်စိုက်ပျိုးနိုင် ရေးကွင်း ဆင်း ကြည့်ရှုထောက်ပံ့ပေးလျက်ရှိပါသည်။

စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းသည် နေပြည်တော်ကောင်စီနယ်မြေ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစန်းလွင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဩဂုတ်လ(၃၀) ရက်နေ့မနက်တွင် ဥတ္တရသိရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု ငန်းစပ်ကျေးရွာ၊ ဇေယျာသိရိမြို့နယ် စည်ပင်ကြီး၊ ချောင်းမ ကြီးနှင့် သာယာကုန်းကျေးရွာများသို့ သွားရောက်ကွင်းဆင်းခဲ့ကြသည်။




ညွှန်ကြားရေးမှူးချုပ်က စားရေရိက္ခာဖူလုံရေးအတွက် မိုးစပါးများအပြည့်အဝပြန် လည်စိုက်ပျိုးနိုင်ရေးနှင့် နောက်သီးနှံစိုက်ပျိုးချိန် မထိခိုက်စေရေးအတွက် သက်တမ်း တို စပါးမျိုး များဖြန့်ဖြူး ပေးရန်၊ စပါးပြီးနောက် မတ်ပဲစိုက်ပျိုးချိန်တွင်လည်း နေကြာသီးနှံကို(Strip Agriculture)အကန့်လိုက်စိုက်ပျိုးနည်းစနစ် ဖြင့်စိုက်ပျိုး နိုင်ရေးနည်းပညာပေးရန်နှင့်မိုးစပါးတစ်သီးသာစိုက်ပျိုးသည့် လယ်မြေများပေါ်တွင် နေကြာသီးနှံကိုသီးထပ်အဖြစ်စိုက်ပျိုးနိုင်ရေး၊ မျိုးစေ့၊ နည်းပညာ၊ ရေရရှိရေးတို့ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကူညီဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ရေကြီးနစ်မြုပ်၍ပျက်စီးသွားသောစိုက်ခင်းများကိုသက်တမ်းတို ရက်(၉၀) စပါး များဖြင့်အစားထိုးစိုက်ပျိုးနိုင်ရေး၊ သီးထပ်မတ်ပဲနှင့်နေကြာ စိုက်ပျိုးမှုတို့ကို စိုက်ပျိုး ရာသီ အချိန်မှီစိုက်ပျိုးနိုင်ရေးနှင့်သွင်းအားစုမျိုးစေ့နှင့် မြေဩဇာများ ရရှိရေးကို ပေါင်းစပ်ဆောင်ရွက်ပေးနေကြောင်းသိရသည်။