“မျိုးစေ့နည်းပညာပြန့်ပွားရေးဆိုင်ရာ အသိပညာပေးသင်တန်း”ဖွင့်လှစ်
  • Mon, 26 August 2024

“မျိုးစေ့နည်းပညာပြန့်ပွားရေးဆိုင်ရာ အသိပညာပေးသင်တန်း”ဖွင့်လှစ်


အခြေခံမျိုးစေ့နည်းပညာများအား ကောင်းမွန်စွာ သိရှိနားလည်စေရန်နှင့် မျိုးစေ့ကွင်း ဆက် တစ်လျှောက်နည်းပညာ ပြန့်ပွားရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေ ရန် အတွက် “မျိုးစေ့ နည်းပညာပြန့်ပွားရေးဆိုင်ရာ အသိပညာပေးသင်တန်း”ကို ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ နံနက် ပိုင်းတွင် စိုက်ပျိုးရေးတိုးချဲ့ပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေး သင်တန်းကျောင်း (AERDTC) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနခွဲညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းတွင်သင်ကြားမည့် ပညာရှင်ဆရာ/ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ဦးမျိုးဇော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မျိုးစေ့ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသီဟထွန်း က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ယခုဖွင့်လှစ်သည့် သင်တန်းတွင် တိုင်းဒေသကြီး/ပြည်နယ်မျိုးစေ့တာဝန်ခံများ၊ ခရိုင်မျိုးစေ့ တာဝန်ခံများနှင့် မြို့နယ်များမှ မျိုးစေ့လုပ်ငန်း ဆောင်ရွက်နေသော ဝန်ထမ်းများ တက်ရောက်ကြသည်။

In Person ဖြင့် (၄၅)ဦး၊ Online ဖြင့် (၄၂)ဦး၊ စုစုပေါင်း (၈၇)ဦး တက်ရောက်ကြကြောင်းသိရသည်။ သင်တန်းကို ၂၆-၈-၂၀၂၄ မှ ၂၉-၈-၂၀၂၄ ထိ (၄) ရက်တိုင် ကျင်းပသွားမည် ဖြစ်သည်။

၂၇-၈-၂၀၂၄ နံနက်ပိုင်းတွင် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ ဆီထွက်သီးနှံ သုတေသန စိုက်ခင်းများနှင့် ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံကျောင်းဝန်းအတွင်းရှိ မျိုးစေ့ဓါတ်ခွဲ ခန်းစိုက်ကွင်းတွင် စိုက်ပျိုးထားသော ပဲပုပ်၊ နေကြာ၊ နှမ်း၊‌ မြေပဲသီးနှံများ မျိုးအဆင့်မြှင့်တင်ခြင်းသုတေသန စိုက်ခင်းများနှင့် Strip cropping စိုက်ခင်းများအား လေ့လာကြမည်ဖြစ်ကြောင်းသိရသည်။