မျိုးစေ့နည်းပညာပြန့်ပွားရေးဆိုင်ရာ အသိပညာပေးသင်တန်း”မှ သင်တန်းသား/ သင်တန်းသူများ မျိုးစေ့သုတေသနစိုက်ကွင်းများသို့ ကွင်းဆင်းလေ့လာ
  • Tue, 27 August 2024

မျိုးစေ့နည်းပညာပြန့်ပွားရေးဆိုင်ရာ အသိပညာပေးသင်တန်း”မှ သင်တန်းသား/ သင်တန်းသူများ မျိုးစေ့သုတေသနစိုက်ကွင်းများသို့ ကွင်းဆင်းလေ့လာ


စိုက်ပျိုးရေးတိုးချဲ့ပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်း (AERDTC)တွင် ၂၆-၈-၂၀၂၄ မှ ၂၉-၈-၂၀၂၄ ထိ ပို့ချလျက်ရှိသော “မျိုးစေ့နည်းပညာပြန့် ပွားရေးဆိုင်ရာ အသိပညာပေးသင်တန်း” သင်တန်းသား/သင်တန်းသူများဖြစ်သည့်  တိုင်းဒေသကြီး/ ပြည်နယ်မျိုးစေ့တာဝန်ခံများ၊ ခရိုင်မျိုးစေ့ တာဝန်ခံများနှင့် မြို့နယ်များမှ မျိုးစေ့လုပ်ငန်း ဆောင်ရွက် နေသော ဝန်ထမ်းများသည် ယနေ့ ၂၇-၈-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရေဆင်းစိုက်ပျိုးရေးသု တေသနဦးစီးဌာနရှိ ဆီထွက်သီးနှံ သုတေသန စိုက်ခင်းများ၊ မျိုးစေ့ဘဏ် နှင့်  ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံကျောင်းဝန်းအတွင်းရှိ မျိုးစေ့ဓာတ်ခွဲခန်းစိုက်ကွင်းတွင် စိုက်ပျိုးထားသော ပဲပုပ်၊ နေကြာ၊ နှမ်း၊‌ မြေပဲသီးနှံများ မျိုးအဆင့်မြှင့်တင်ခြင်းသုတေသန စိုက်ခင်းများ၊ Strip cropping စိုက်ခင်းများအား သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားကြကြောင်း သိရသည်။