စိုက်ပျိုးရေးဦးစီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
  • Tue, 10 September 2024

စိုက်ပျိုးရေးဦးစီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


စိုက်ပျိုးရေးဦးစီးဌာန၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ (၁၀) ရက် မွန်းလွဲ (၁) နာရီက စိုက်ပျိုးရေးဦးစီးဌာန နေပြည်တော်(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က အမှာစကား ပြောကြားရာ၌ ဝန်ထမ်းများအနေဖြင့် မိမိတို့တွင် ပေးအပ်ထားသော အခွင့်အာဏာများကို အသုံးချ၍ မလုပ်သင့်၊ မလုပ်ထိုက်သည်များ ၊ မပြုလုပ်အပ်သောအပြုအမူများ မဆောင်ရွက်နိုင်ရေးအတွက် အဂတိလိုက်စားမှုကို တားဆီးကာကွယ် သွားရမည် ဖြစ်ကြောင်း၊ အဂတိတရားလေးပါးဖြစ်သော ဆန္ဒာဂတိ၊ ဒေါသဂတိ၊ ဘယာဂတိ၊ မောဟဂတိ တို့ကိုရှောင်ရှား၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ ဥပဒေ ပြဌာန်းချက်များ၊ ဌာနအတွင်းမှ ထုတ်ပြန်သော အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းဆွေးနွေးမှာကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ် ( စီမံ၊စီမံကိန်း၊ ငွေစရင်း) ဦးထွန်းထွန်းထွေး က ဦးစီးဌာန က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက် ထားရှိမှုများကို လည်းကောင်း၊ အတွင်းရေးမှူး ညွှန်ကြားရေးမှူး (မူဝါဒ) ဦးမင်းရွှေဦး က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူ အဖွဲ့ဝင်များက သက်ဆိုင်ရာဌာနခွဲ ၊ တိုင်းဒေသကြီး ပြည်နယ် အလိုက် ဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးကြသည်။

စိုက်ပျိုးရေးဦးစီးဌာန၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့သည် သတင်းပို့ တိုင်ကြားမှူစနစ်များ၊ အသိပညာဆွေးနွေးပွဲများ၊ Email မှတိုင်ကြားရန် account များ ဖွင့်လှစ်ထားရှိ၍ ဆောင်ရွက်နေကြောင်း၊ ယခုအစည်းအဝေးသို့ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ဌာနခွဲညွှန်ကြားရေးမှူးများ နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဦးစီးမှူးများ Onlineဖြင့် တက်ရောက်ဆွေးနွေး ကြကြောင်း သိရသည်။