မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၏ တတိယအကြိမ်မြောက် သင်းလုံးကျွတ်နှစ်ပတ်လည် အစည်းအဝေးကျင်းပ
  • Tue, 12 July 2022

မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၏ တတိယအကြိမ်မြောက် သင်းလုံးကျွတ်နှစ်ပတ်လည် အစည်းအဝေးကျင်းပ



မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း ၏ တတိယအကြိမ်မြောက် သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးကို ဇူလိုင်လ (၁၀) ရက်နေ့ နံနက်ပိုင်း က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်း ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ရုံးခန်းမ ၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ စက်မှု ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌ နှင့် ညီနောင် အသင်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆီစက် ပိုင်ရှင်များ အသင်း ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်များ၊ အသင်းသား၊ အသင်းဝင်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။