(၂၂) ကြိမ်မြောက် မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးကျင်းပ
  • Fri, 24 June 2022

(၂၂) ကြိမ်မြောက် မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးကျင်းပ


နိုင်ငံတော်၏ အထူးစီမံကိန်းများဖြစ်သော ဝါသီးနှံ နှင့် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိစိုက်ပျိုးနေသော မျိုးများအပြင် ပြည်ပ မှ မျိုးသစ်များ တင်သွင်းနိုင်ရေးကို မျိုးစေ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်တွင်းမျိုးစေ့ကုမ္ပဏီများ၊ လုပ်ငန်းရှင် များ၊ အကျိုးဆောင် တောင်သူများ နှင့် ပူးပေါင်း၍ အရည်အသွေးကောင်းမျိုးစေ့များ မျိုးသန့်မျိုးပွား ထုတ်လုပ်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ ဇွန်လ (၂၃)ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည့် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ ၏  (၂၂) ကြိမ်မြောက် အစည်းအဝေး တွင် ကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။