ကော်ဖီ နှင့် လက်ဖက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ကူညီ ဖြည့်ဆည်းပေးနိုင်ရေး တွေ့ဆုံဆွေးနွေး
  • Thu, 9 June 2022

ကော်ဖီ နှင့် လက်ဖက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ကူညီ ဖြည့်ဆည်းပေးနိုင်ရေး တွေ့ဆုံဆွေးနွေး


ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကော်ဖီ နှင့် လက်ဖက်သီးနှံ စိုက်ပျိုးလုပ်ကိုင် ဆောင်ရွက်နေသည့် တောင်သူအစုအဖွဲ့များ၏ လုပ်ငန်း ဆိုင်ရာ လိုအပ်ချက်များ ကို အားပေး ကူညီ ဖြည့်ဆည်းပေးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ(၇)ရက်နေ့ နေ့လယ်ပိုင်းက ရှမ်းပြည်နယ် ၊ ပင်းတယမြို့နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာများ၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှ ကော်ဖီ နှင့် လက်ဖက်သီးနှံ အစုအဖွဲ့များ  တက်ရောက် ကြသည်။