ကော်ဖီ-ရာသီ သီးနှံဌာနခွဲ

၁၉၅၇ ခုနှစ်တွင် အငြိမ်းစားတပ်မတော်သားများအား ပြန်လည်နေရာချထားပေးရန်နှင့် ထိုခေတ်နိုင်ငံရေးအခြေအနေအရ တပ်မတော်၏ အရန်အင်အားအဖြစ် တာဝန်ပေးအပ်နိုင်ရေးအတွက် “ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော် ပြန်လည်နေရာချထားရေးဘုတ်အဖွဲ့ (ပလရ)” စိုက်ကွင်းများအဖြစ်ရာသီသီးနှံစိုက်ကွင်း (၃) ကွင်းကို စတင်တည်ထောင်ခဲ့ပါသည်။  ၁၉၆၃ ခုနှစ်တွင် လယ်ယာနှင့် သစ်တော ဝန်ကြီးဌာနအောက်သို့ လွဲပြောင်း၍ (၁.၁၀.၁၉၆၅) ရက်နေ့တွင် “ ပြည်သူ့လုပ်အား နေရာချထားရေး ဘုတ်အဖွဲ့ ” အဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၇၂ခုနှစ်တွင် “ ပြည်သူ့လုပ်အား နေရာချထားရေးဦးစီးဌာန (ပလန) ” ဟု အမည်ပြောင်းလဲ ဆောင်ရွက်ခဲ့ပါသည်။ (၁.၄.၁၉၈၂) ရက်နေ့တွင် “ ပြည်သူ့လုပ်အားနေရာချထားရေးအဖွဲ့ (ပလဖ) ” အဖြစ် အမည်ပြောင်းလဲ၍ စိုက်ကွင်း(၁၃)ကွင်းဖြင့် လုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။ (၁.၁၀.၁၉၈၉) ရက်နေ့တွင်“မြန်မာ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်း”ဟု အမည်ပြောင်းလဲ ဖွဲ့စည်း၍စီးပွားဖြစ် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ယင်းနှစ်၌ပင် မှိုမျိုးစုံစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မှိုသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံများ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၄ခုနှစ်တွင် ကော်ဖီခြံများနှင့် ကော်ဖီစက်ရုံကို စက်မှု(၁) ဝန်ကြီးဌာနထံမှ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ လွှဲပြောင်း ရယူခဲ့ပြီး မြန်မာ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်း အမည်ဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ်၌ မြန်မာ့စက်မှုသီးနှံဖွံ့ဖြိုးရေးလုပ်ငန်းအောက်တွင် ကော်ဖီရာသီသီးနှံဌာနခွဲအဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်၌ စိုက်ပျိုးရေးဦးစီးဌာနအောက်တွင် ဌာနခွဲတစ်ခုအဖြစ် မြန်မာ့ကော်ဖီသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်လျက်ရှိပါသည်။



(က)    မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးပေးရန်
(ခ)    သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များသုံးစွဲ၍ အထွက်နှုန်းတိုးတက်စေရန်လေ့ကျင့် ပညာပေး ဆောင်ရွက်ရန်
(ဂ)    သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်
(ဃ)    ခြံ(၃၇)ခြံ၊ သုတေသနဌာန(၁)ခု၊ ဘက်စုံစခန်း(၃)ခု၏ လုပ်ငန်းအောင်မြင်စေရေး နည်းပညာ ပေး ကြီးကြပ်ဆောင်ရွက်ရန်


ကော်ဖီ-ရာသီသီးနှံဌာနခွဲမှဌာနစိတ်များ


- စိုက်ပျိုးရေးဌာနစိတ်
- စီမံကိန်းဌာနစိတ်
- စီမံရေးရာဌာနစိတ်
- ငွေစာရင်းဌာနစိတ်



ကော်ဖီ-ရာသီသီးနှံဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ


















Location:

ရုံးအမှတ် (၅၀)၊ စိုက်ပျိုးရေးဦးစီးဌာန၊ နေပြည်တော်

Email:

coffeeseasoncoffee@gmail.com

coffeeseason0@gmail.com

Call:

၀၆၇-၃၄၃၁၂၀၅