အပင်မျိုးသစ် အသိအမှတ်ပြုလက်မှတ်

အပင်မျိုးသစ်အဖြစ်အသိအမှတ်ပြုလက်မှတ် လျှောက်ထားခြင်း


အပင်မျိုးသစ်အသိအမှတ်ပြု လက်မှတ်ထုတ်ပေးသည့်ဌာန

စိုက်ပျိုးရေးဦးစီးဌာန


ရည်ရွယ်ချက်

အပင်မျိုးသစ်ကို စီးပွားရေးအလို့ငှာမျိုးစေ့လုပ်ငန်းလုပ်ကိုင်နိုင်စေရန်နှင့်အသိအမှတ်ပြုလက်မှတ်ရရှိသူများအားဥပဒေအရအကာကွယ်ပေးနိုင်ရန်


လိုအပ်သည့်စာရွက်စာတမ်း

ပထမဦးစွာ လျှောက်ထားသူမှ mairs.doa.gov.mm တွင် Account Registration ပြုလုပ်ရန် လိုအပ်ပါသည်။ 

မျိုးစေ့ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများ(၂၀၁၆)၊ ပုံစံ(၃)အရ,

လျှောက်လွှာကို mairs.doa.gov.mm တွင် ဖြည့်ရန်

အောက်ပါတို့ပူးတွဲရန်

-မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသို့သက်ဆိုင်ရာသီးနှံ(စမ်းသပ်စိုက်ပျိုးရသည့်သီးနှံများ(သို့)စမ်းသပ်စိုက်ပျိုးကင်းလွတ်ခွင့်ပြုသည့်သီး နှံ(သို့)မိဘမျိုးလိုင်းသစ်များ)အလိုက်သတ်မှတ်ပုံစံအတိုင်းပြုစုထားသောစာအုပ်


လုပ်ငန်းစဉ်အဆင့်

Myanmar Agricultural Inputs Registration System, MAIRS (mairs.doa.gov.mm) တွင် online စနစ်ဖြင့်လျှောက်ထားနိုင်သည်။


မျိုးသစ်အသိအမှတ်ပြု လက်မှတ်ခ

- ကျပ်သုံးသိန်းတိတိ၊ သက်တမ်း (၁၀) နှစ်(ဟင်းသီးဟင်းရွက် မျိုးများနှင့်မိဘမျိုးလိုင်းများ)

-ကျပ်ငါးသိန်းတိတိ၊ သက်တမ်း (၁၀) နှစ်(အခြားမျိုးများ)


ကြာမြင့်ချိန်

မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ(TSC)နှင့် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ(NSC)အစည်းအဝေးများအား(၃)လတစ်ကြိမ်ကျင်းပလျှက်ရှိပါသည်။စမ်းသပ်စိုက်ပျိုးခြင်းမှကင်းလွတ်ခွင့်ပြုထားသောသီးနှံများကိုအနီးစပ်ဆုံးမျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီအစည်းအဝေးတွင်တင်ပြနိုင်မည်ဆိုပါကကြာမြင့်ချိန်(၃)လမှ(၄)လအထိကြာမြင့်မည်ဖြစ်ပြီးစပ်းသပ်စိုက်ပျိုးရမည့်သီးနှံများအတွက်စမ်းသပ်စိုက်ပျိုးကြာမြင့်ချိန်(ဥပမာ- စပါးသီးနှံဖြစ်ပါကနွေ-မိုး နှစ်ရာသီစမ်းသပ်စိုက်ပျိုးရမည်ဖြစ်သည့်အတွက်)(၃)လမှ(၁၀)လအထိကြာမြင့်မည်ဖြစ်ပါသည်။


လက်မှတ်ရေးထိုးသည့် ရာထူး/အဆင့်

- ဒုတိယဝန်ကြီး(ဥက္ကဌ၊ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ)

- ညွှန်ကြားရေးမှူးချုပ်(အတွင်းရေးမှူး၊ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ)


ဥပဒေ/နည်းဥပဒေအမည်နှင့် အညွှန်းပုဒ်မ/ အပိုဒ်နံပါတ်

မျိုးစေ့ဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ(က)


MAIRS, user account  ပြုလုပ်ပုံနှင့် အသုံးပြုပုံအား စိုက်ပျိုးရေးဦးစီးဌာန၏ YouTube Channel ဖြစ်သော DOA E-Services  (https://www.youtube.com/c/DOAEservices) တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။

မျိုးစေ့ဌာနခွဲ၏ အချက်အလက်များအား အသေးစိတ်သိရှိလိုပါက www.myanmarseedportal.gov.mm တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

အခြားသိရှိလိုသည်များအား တိုက်ရိုက်မေးမြန်းစုံစမ်းလိုပါက မျိုးစေ့ဌာနခွဲ၏ ဖုန်းနံပါတ် - +9567-3410385, 3410328 သို့ ရုံးချိန်အတွင်းမေးမြန်းဆောင်ရွက်နိုင်ပါသည်။