မြေဩဇာဥပဒေအရ ဌာန၏ ဝန်ဆောင်မှုများ

မြေဩဇာဥပဒေအရ ဌာန၏ ဝန်ဆောင်မှုများကို အောက်ပါအတိုင်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည် -

> ဓာတ်မြေဩဇာထုတ်လုပ်ခွင့် မှတ်ပုံတင်ခြင်း

> ဓာတ်မြေဩဇာတင်သွင်း/တင်ပိုခွင့် မှတ်ပုံတင်ခြင်း

ပြည်ပမှဓာတ်မြေဩဇာတင်သွင်းခွင့်ထောက်ခံချက်

> မြေဩဇာသိုလှောင်လိုင်စင် နှင့် လိုင်စင်သက်တမ်းတိုးခြင်း

> မြေဩဇာဖြန့်ဖြူးရောင်းချခွင့် လိုင်စင်

စိုက်ပျိုးရေးသွင်းအားစုများဖြစ်သည့် မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေးများ တင်သွင်း/ ထုတ်လုပ်ရန်အတွက် မှတ်ပုံတင်ခြင်း၊ သိုလှောင်လိုင်စင် လျှောက်ထားခြင်းနှင့် သွင်းကုန် လိုင်စင်ထောက်ခံချက်‌ လျှောက်ထားခြင်းများကို Myanmar Agricultural Inputs Registration System (MAIRS) (website: www.mairs.doa.gov.mm )တွင် online ဖြင့် လျှောက်ထား နိုင်ပါသည်။ မြေဩဇာဆိုင်ရာလုပ်ငန်းများ မှတ်ပုံတင်ဆောင်ရွက်ခြင်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို Landuse web portal  (landusedivision.gov.mm) (or) (landusedivision.doa.gov.mm) တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။ 

ဦးစွာ မြေဩဇာမှတ်ပုံတင်‌လျှောက်ထားမည့်သူသည် www.mairs.doa.gov.mm တွင် Account Create ပြုလုပ်ရမည်ဖြစ်ပြီး၊ လုပ်ငန်းစဉ်များကို ဆက်လက်လျှောက်ထားနိုင်မည် ဖြစ်ပါသည်။