ဓာတ်မြေဩဇာတင်သွင်း/တင်ပိုခွင့် မှတ်ပုံတင်ခြင်း

လိုင်စင်/ပါမစ်ထုတ်ပေးသည့်ဌာန

စိုက်ပျိုးရေးဦးစီးဌာန


ရည်ရွယ်ချက်

မြေဩဇာဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီမြေဩဇာလုပ်ငန်းများစနစ်တကျရှိစေရန်


လိုအပ်သည့်စာရွက်စာတမ်း

မြေဩဇာဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများ

                        ၁။ ပြည်ပသို့မြေဩဇာတင်သွင်းသူ မှတ်ပုံတင် လျှောက်လွှာ ပုံစံ (၂) /  ပြည်တွင်းသို့  မြေဩဇာတင်သွင်းသူ မှတ်ပုံတင် လျှောက်လွှာ ပုံစံ (၃)

        ၂။ လျှောက်ထားသူ၏ နိုင်ငံသားမှတ်ပုံတင်ကဒ် 

၃။ လျှောက်ထားသူ၏ (၁.၃ x ၁.၁ လက်မ) အရွယ် ကာလာဓာတ်ပုံ 

၄။ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နှင့်ဒါရိုက်တာအဖွဲ့ဝင်စာရင်း

၅။ ပို့ကုန်သွင်းကုန်လုပ်ငန်းလိုင်စင် (ပသက)

၆။ ပြည်ပကုမ္ပဏီ၏ စံချိန်စံညွှန်း ပြည့်မီကြောင်း အာမခံချက်

၇။ ပြည်တွင်းကုမ္ပဏီ၏ အရည်အသွေးပြည့်မီကြောင်း အာမခံချက်

                        ၈။ ထုပ်ပိုးမှုပုံစံ (အိတ်ပုံစံ)နှင့် မြေဩဇာနမူနာပုံစံ


လုပ်ငန်းစဉ်အဆင့်

Myanmar Agricultural Inputs Registration System (MAIRS), mairs.doa.gov.mm တွင် online စနစ်ဖြင့် လျှောက် ထားရမည်။ 

၁။ လိုအပ်သောအထောက်အထားများ စိစစ်ပြီးပါက မြေဩဇာနမူနာအား ဓာတ်ခွဲခန်းသို့ပေးပို့၍ ကျသင့် သောဓာတ်ခွဲ စစ်ဆေးခနှုန်းထားများကို စိုက်ပျိုးရေး ဦးစီးဌာန၏ ငွေစာရင်းအမှတ် MD-013167 သို့ ပေးသွင်းရမည်။

၂။ ရွက်ဖျန်းမြေဩဇာနှင့် ဇီဝမြေဩဇာများအတွက် သီးနှံ တစ်ရာသီစမ်းသပ်ကွက် (Field Trial Test) ဆောင်ရွက် ရမည်။

၃။ မြေဩဇာဆိုင်ရာနည်းပညာအဖွဲ့သည် ဓာတ်ခွဲခန်း စစ်ဆေးမှုရလာဒ်များနှင့် နည်းပညာနှင့် သက်ဆိုင်သည့် အချက်အလက်များအား စိစစ်ပြီး မြေဩဇာ ကော်မတီသို့ ထောက်ခံတင်ပြပါ သည်။ 

၄။ မြေဩဇာကော်မတီမှ မြေဩဇာတင်သွင်းခွင့်/ တင်ပို့ခွင့် မှတ်ပုံတင်လက်မှတ်များကို စိစစ်၍ ထုတ်ပေးပါသည်။ 

၅။ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီမှုး၊ စိုက်ပျိုးရေးဦးစီးဌာနတွင် မြေဩဇာဖြန့်ဖြူးရောင်းချခွင့်လိုင်စင် လျှောက်ထား ရမည်။


ကုန်ကျစရိတ်

၉၀၀၀၀ ကျပ် (၃နှစ်သက်တမ်း)


ကာမြင့်ချိန်

Solid fertilizer (importer/ exporter) အတွက် ၂၀ ရက်

Foliar Fertilizer (Local producer) အတွက် ၂၀ ရက် + သီးနှံ ၁ ရာသီ

- မြေဩဇာဆိုင်ရာနည်းပညာအဖွဲ့အစည်းအဝေးနှင့်မြေဩဇာကော်မတီအစည်းအဝေးများအား(၃)လတစ်ကြိမ်ကျင်းပလျှက်ရှိပါသည်။ 

- မြေဩဇာအလိုက်လိုအပ်သောအချက်အလက်များစစ်ဆေးခြင်း၊ဓာတ်ခွဲစစ်ဆေးခြင်းနှင့်စမ်းသပ်ကွက်များဆောင်ရွက်ပြီးပါကအနီးစပ်ဆုံးမြေဩဇာဆိုင်ရာနည်းပညာအဖွဲ့နှင့်မြေဩဇာကော်မတီသို့တင်ပြပေးမည်ဖြစ်ပါသည်။


လျှောက်ထားရမည့်နေရာ

Myanmar Agricultural Inputs Registration System (MAIRS) mairs.doa.gov.mm


Onlineစနစ်ဖြင့်ဆောင်ရွက်နိုင်ခြင်း

Myanmar Agricultural Inputs Registration System (MAIRS) mairs.doa.gov.mm


လက်မှတ်ရေးထိုးသည့်ရာထူး/အဆင့်

အတွင်းရေးမှူး ၊ မြေဩဇာကော်မတီ


ဥပဒေ/ နည်းဥပဒေ အမည်နှင့်အညွှန်းပုဒ်မ/ အပိုဒ်နံပါတ်

မြေဩဇာဥပဒေနှင့်မြေဩဇာဥပဒေပြင်ဆင်သည့်ဥပဒေ။ ဥပဒေပုဒ်မ (၇)