ပိုးသတ်ဆေးမှတ်ပုံတင်

ပိုးသတ်ဆေးမှတ်ပုံတင်ပိုးသတ်ဆေးမှတ်ပုံတင်အဆင့် - ၁

မှတ်ပုံတင်လျှောက်ထားရန်လျှောက်လွှာနှင့်အတူပူးတွဲတင်ပြရမည့်လိုအပ်ချက်များ တင်ပြရန်

(က)မှတ်ပုံတင်လျှောက်ထားရန်လျှောက်လွှာနှင့်ပိုးသတ်ဆေးထုတ်လုပ်သူမှမြန်မာနိုင်ငံတွင်မှတ်ပုံတင်ခြင်း၊တင်သွင်းဖြန့်ဖြူးခြင်းတို့ကသဘောတူကြောင်းစာ

(ခ)မူရင်းပိုးသတ်ဆေးထုတ်လုပ်သူ(Manufacturer)၏ သက်ဆိုင်ရာနိုင်ငံမှ အစိုးရအသိအမှတ်ပြုလိုင်စင်၊ မှတ်ပုံတင်ထုတ်လုပ်ခွင့် အထောက်အထားများ၊ ထုတ်လုပ်သူအား ဆက်သွယ်နိုင်မည့် ပုဂ္ဂိုလ်၊ လိပ်စာ၊ Email၊Web page

(ဂ)အခြားနိုင်ငံများတွင် မှတ်ပုံတင်ထားသော နိုင်ငံစာရင်းနှင့် အထောက်အထား

(ဃ)ပိုးသတ်ဆေးနှင့် ပတ်သက်သည့် ပူးတွဲတင်ပြရမည့် အောက်ပါအချက်အလက်များ ပါဝင်သောနည်းပညာ အချက်အလက်များစာတမ်း၊

General Information

Properties of the Active Ingredient

Properties of the Formulated Product

Intended uses and methods of Application

Assessment of Efficacy of Pesticide

Toxicology

Residue Data

Environmental Data

Disposal of surplus pesticide and pesticide containers

Label

GAP

(င)အသုံးပြုရန်အဆိုပြုတင်ပြသည့်အင်္ဂလိပ်/မြန်မာနှစ်ဘာသာဖြင့်ပြန်ဆိုထားသည် တံဆိပ်(အညွှန်းစာ)


အဆင့်-၂

လျှောက်လွှာနှင့် အတူ ပူးတွဲတင်ပြရမည့် လိုအပ်သည် အချက်အလက်များကို စစ်ဆေး ပါသည်။

(The system will automatically delete the application if applicant cannot resubmit the complete application requested by the reviewer in time.)


အဆင့်-၃

ပူးတွဲတင်ပြရမည့်လိုအပ်သည့် အချက်အလက်များပြည့်စုံပါက ပိုးသတ်ဆေး Registration Feeနှင့်  Analytical Feeများကို မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်စာရင်းအမှတ် MD-023156 သို့ပေးသွင်းရပါမည်။

- Experimental Registration fee is 1,000,000 Kyats for two years period.

- Provisional Registration fee is 2,000,000 Kyats for five years period.

- The laboratory fee is 300,000 Kyats for one product

Registration Feeနှင့် Analytical Feeဓါတ်ခွဲစစ်ဆေးခငွေသွင်းပြီးသော်လည်းSampleနှင့် Dossierတွင် ဖော်ပြထားသည့် အချက်အလက်များပြည့်စုံမှု မရှိလျှင် မှတ်ပုံတင်ခြင်း လု်ပငန်းစဉ်မှ လုံးဝပယ်ဖျက်မည်ဖြစ်ပါသည်။


အဆင့် -၄

Registration Feeနှင့် Analytical Feeဓါတ်ခွဲစစ်ဆေးခငွေသွင်းချလံပြည့်စုံပါက မူရင်းပိုးသတ်ဆေးထုတ်လုပ်သူ (Manufacturer)ဆိုင်ရာ အထောက်အထားများအား ပြည့်စုံ မှန်ကန်မှုရှိ/မရှိ စစ်ဆေးပါမည်။


အဆင့်-၅

မူရင်းပိုးသတ်ဆေးထုတ်လုပ်သူ (Manufacturer)ဆိုင်ရာ အထောက်အထားများအား ပြည့်စုံ မှန်ကန်ပါက ပိုးသတ်ဆေးနှင့် ပတ်သက်သော နည်းပညာအချက်အလက်များကို နည်းပညာကော်မတီဝင်များမှ စစ်ဆေးပါသည်။

(The system will auto delete the application if applicant cannot resubmit the notified technical data requested by the reviewer in time)


အဆင့်-၆

ပိုးသတ်ဆေးနှင့် ပတ်သက်သော နည်းပညာအချက်အလက်များပြည့်စုံမှန်ကန်ပါက အရည်အသွေး စစ်ဆေးရန် ပိုးသတ်ဆေးနမူနာကို အောက်ပါအတိုင်း ပိုးသတ်ဆေးဓါတ်ခွဲခန်းသို့ပေးပို့ ရပါမည်။

(က)Formulated product Pesticide 250 CC (or) 250 gm

(ခ)Analytical Standard 2 × 1 gm with attachment of Certificate of Analysis

(Chromatograph), if pesticide contains more than one active ingredient, 

Standards packed separately (OECD GLP)

(ဂ)Capillary separation columns used in Gas Liquid Chromatography (GC)

And High Performance Liquid Chromatography (HPLC) column(s)


အဆင့်-၇

ပိုးသတ်ဆေးနှင့်ပတ်သက်သောပိုးသတ်ဆေးနမူနာများပြည့်စုံပါကပိုးသတ်ဆေးနမူနာကိုပိုးသတ်ဆေးဓါတ်ခွဲခန်းမှအရည်အသွေးစစ်ဆေးပါသည်။


အဆင့်-၈

ပိုးသတ်ဆေးဓါတ်ခွဲခန်းမှအရည်အသွေးစစ်ဆေးမှုရလဒ်နှင့်နည်းပညာအချက်အလက်များစိစစ်ထောက်ခံချက်များနှင့်အတူနည်းပညာကော်မတီ အစည်းအဝေး၊ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့အစည်းအဝေးများသို့တင်ပြပါသည်။


အဆင့်-၉

မှတ်ပုံတင်အဖွဲ့အစည်းအဝေးမှဆုံးဖြတ်အတည်ပြုပြီးမှတ်ပုံတင်ခွင့်ပြုသောပိုးသတ်ဆေးများကိုမှတ်ပုံတင်အမျိုးအစားအလိုက်မှတ်ပုံတင်လက်မှတ်ထုတ်ပေးပါသည်။