- Wed, 30 August 2023
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် သည် ဩဂုတ်လ(၂၉)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီရာသီ သီးနှံဌာနခွဲ ဘက်စုံစိုက်ပျိုးမွေးမြူရေး စခန်း(လေးထောင့်ကန်)တွင် မိုးစပါးမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးထားရှိမှုနှင့် ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး မြေယာအသုံးချမှုနှင့်ပတ်သက်၍ တည်ဆဲလယ်ယာမြေဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီဆောင်ရွက်ရန် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး လိုအပ်သောအားပေး ကူညီမှုများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးရန် မှာကြားခဲ့ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မင်္ဂလာဒုံမြို့နယ်ရှိ အပင်ဇီဝနည်းပညာဗဟိုဌာ၏ အပင် တစ်သျှူးမွေးမြူခြင်းလုပ်ငန်းများနှင့် အင်းစိန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ၏ စိုက်ပျိုးရေးထွက်ကုန်များ စစ်ဆေးရေးဓာတ်ခွဲခန်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ယင်းနောက် မြေအသုံးချရေးဌာနခွဲ၊ ဓာတ်ခွဲခန်း (ရန်ကုန်) လုပ်ငန်းဆောင်ရွက်နေ မှုများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက သီးထပ်စွမ်းအားတိုးတက်ရေးအတွက် အရေးကြီးသော မြေဆီလွှာကျန်းမာရေးကောင်းမွန်အောင် စနစ်တကျကောင်းမွန်အောင် စနစ်တကျလုပ်ဆောင်ကြရန် ဓါတ်ခွဲခန်းများကို အဆင့်မြှင့်တင်၍ ကျွမ်းကျင်ဝန်ထမ်းများ လက်ဆင့်ကမ်းမွေးထုတ်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ပါသည်။
ယမန် နေ့တွင် ဒုတိယဝန်ကြီးသည် လှည်းကူးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေး ဗဟိုဌာန (VFRDC)နှင့် ဗဟိုစိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့်ပညာရေးဌာန (CARTC) များ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သုတေသနပြုစု ခြင်းဆိုင်ရာ နည်းပညာများထွန်းကားစေရေးနှင့် သုတေသနဆိုင်ရာ လမ်းစဉ်များဖွံ့ဖြိုးရန် လိုအပ်သော လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။