စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်းကြီးဌာ၊ ဒုတိယဝန်ကြီးဒေါက်တာ တင်ထွဋ် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၂) ကြိမ်မြောက်အစည်းအဝေးသို့တက်ရောက်
  • Wed, 29 May 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်းကြီးဌာ၊ ဒုတိယဝန်ကြီးဒေါက်တာ တင်ထွဋ် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၂) ကြိမ်မြောက်အစည်းအဝေးသို့တက်ရောက်


ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ ၄၂ ကြိမ်မြောက်အစည်းအဝေးကို စိုက်ပျိုးရေး၊‌မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဌ၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် အဖွဲ့ဝင်များစုံညီစွာတက်ရောက်ကြပြီး ပိုးသတ်ဆေး၊ ပေါင်းသတ် ဆေး၊ မှိုသတ်ဆေးများနှင့်ပတ်သက်ပြီး သုတေသနနှင့် လူ့စွမ်းအားမြှင့် တင်ရေးလိုအပ် ချက်များ၊ ပိုးသတ်ဆေးနည်းပညာကော်မတီဝင်များမှ စိစစ်တင်ပြလာသော ပိုးသတ်ဆေးမျိုး ပေါင်း ၁၄၉ မျိုးအား အတည်ပြုပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။

စိုက်ပျိုးရေးလုပ်ငန်းသုံးပိုးသတ်ဆေးများ အရည်အသွေးပြည်မီစွာဖြင့် အသုံးပြုနိုင်ရေးနှင့် အတုအပများကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိစေရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုနိုင်ရေးအတွက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ထိန်ကြောင်းကြပ်မတ် ဆောင်ရွက်လျက်ရာမှာ (၄၁)ကြိမ်မြောက်ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အစည်းအဝေးပြီး ဆုံးသည့်ကာလအထိ ပိုးသတ်ဆေးစုစုပေါင်း ၄၁၉၆ မျိုး မှတ်ပုံတင်ခွင်ပြုခဲ့ပြီးဖြစ်ကြောင်း သိရှိခဲ့ရကြောင်း သတင်းရရှိခဲ့ပါသည်။