စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ရှိ ၊ ပိုးသုတေသန နှင့် နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာနအား ကြည့်ရှုစစ်ဆေး
  • Fri, 31 May 2024

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ရှိ ၊ ပိုးသုတေသန နှင့် နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာနအား ကြည့်ရှုစစ်ဆေး


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ပိုးသုတေသန နှင့် နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန၏ ပိုးစာပင်စိုက်ပျိုးခြင်း၊ ပိုးမွေးမြူခြင်း၊ ပိုးရောဂါစစ်ဆေးခြင်းနှင့် သုတေသနလုပ်ငန်းများ မြန်မာနိုင်ငံအတွင်းရှိ ဌာနပိုင်ခြံ နှင့် တောင်သူများသို့ မျိုးပိုးထုတ်လုပ်ဆောင်ရွက်ပေးခြင်းလုပ်ငန်းများကို ကြည့်ရှု့စစ်ဆေးရာ စိုက်ပျိုးရေး ဦးစီးဌာနတာဝန်ရှိသူများနှင့် ခြံတာဝန်ခံတို့ကလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့ ကြပါသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နည်းပညာဆိုင်ရာသုတေသနလုပ်ငန်းများ၊ တောင်သူနည်းပညာပေးလုပ်ငန်းများနှင့်အတူ တောင်သူများ၏ လက်တွေ့မြေပြင်အခြေ အနေ ပိုးအိမ်၊ ပိုးချည်ထုတ်လုပ်နိုင်မှု ဈေးကွက်များအပေါ် မျက်ချေမပြတ်လေ့လာ ဆောင်ရွက်သည့်  လုပ်ငန်းကွင်းဆက် အကျိုးပြုသုတေသနလုပ်ငန်းကိုလည်း တွက်ဖက် လုပ်ကိုင်ဆောင်ရွက် သွားကြရန်လိုကြောင်း၊ တစ်ပိုင်တစ်နိုင်မှစီးပွားဖြစ်အထိထုတ်လုပ်နိုင်ပြီး ဝင်ငွေကောင်းမွန်စွာရရှိနိုင်သောပိုးမွေးမြူရေးနှင့်၊ ပိုးချည်ထုတ်လုပ်ခြင်းလုပ်ငန်းများကို  အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအဖြစ် ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာနိုင်ကြစေရေး၊ အသိပညာပေးစည်းရုံးအားပေးရန် လိုအပ်သည်များကို တာဝန်ရှိသူ များအား ဆွေးနွေးမှာကြားပြီးနောက်၊ ပိုးမွေးမြူမှုလုပ်ငန်းများနှင့် ပိုးစာပင်စိုက်ခင်းများ ကိုစစ်ဆေးခဲ့ပါသည်။

ပိုးသုတေသနနှင့် နည်းပညာဖွံ့ဖြိုးမှုဗဟိုဌာနတွင် ပိုးစာပင်စိုက်ပျိုးခြင်း၊ ပိုးမွေးမြူခြင်း၊ ပိုးရောဂါစစ်ဆေးခြင်းနှင့် ပိုးသုတေသနလုပ်ငန်းများ၊ ပိုးမွေးမြူခြင်းသင်တန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကွင်းသရုပ်ပြပွဲများ နည်းပညာနှင့် အသိပညာပေး လုပ်ငန်းများကိုပါ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူ ပိုးအိမ်အထွက်နှုန်း ကောင်းမွန်၍ ချည်သားရာခိုင်နှုန်းကောင်းမွန်ပြီး ရာသီဥတုဒဏ်နှင့် ရောဂါဒဏ်ခံနိုင်ရည် ရှိသော ပိုးမျိုးသစ်များရရှိအောင် သုတေသနပြုဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိခဲ့ပါ သည်။