စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ဦးဗိုလ်ဗိုလ်ကျော်သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ နှမ်းစိုက်ခင်းများကွင်းဆင်းစစ်ဆေး
  • Fri, 31 May 2024

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ဦးဗိုလ်ဗိုလ်ကျော်သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ နှမ်းစိုက်ခင်းများကွင်းဆင်းစစ်ဆေး


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဗိုလ်ဗိုလ်ကျော်သည် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ရွာခိုင်ကြီးကျေးရွာအုပ်စု၊ လွန်ကျော်ကျေးရွာ အုပ်စုနှင့် ကျောက်ဆည်မြို့နယ် ကျားကာကျေးရွာအုပ်စုများတွင် ဘောင်ကြီးတင်စနစ်၊ အတန်းလိုက်စနစ်နှင့် ကြဲခင်းစနစ်တို့၌ စိုက်ပျိုးထားသော နွေနှမ်းစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးရာ တစ်ဧကပန်းတိုင် အထွက်နှုန်းရရှိစေရန် တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများအား ပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။