မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ကွင်းသရုပ်ပြပွဲကျင်းပ၍ တောင်သူများအား မျိုးသန့်မျိုးပွားမျိုးစေ့များ ပေးအပ်
  • Fri, 7 June 2024

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ကွင်းသရုပ်ပြပွဲကျင်းပ၍ တောင်သူများအား မျိုးသန့်မျိုးပွားမျိုးစေ့များ ပေးအပ်


တရုတ်နိုင်ငံ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ(၂၀၂၂) အစီအစဉ်ဖြင့် ဆောင်ရွက်ထားသော နှမ်းသီးနှံသုတေသန စမ်းသပ်ကွက်ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ဇွန်လ ၆ ရက်နေ့က မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပရာ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဇော်နှင့် နတ်မောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသန့်ဇင် တို့က အမှာစကားပြောကြားခဲ့ပြီး၊ စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်) မျိုးစေ့ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါက်တာယုမွန်က စီမံကိန်းလုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုနှင့် စမ်းသပ်ကွက်တွေ့ရှိချက်များကိုရှင်းလင်းပြောကြားခဲ့ပါသည်။




ဆက်လက်၍ တာဝန်ရှိသူများက အခမ်းအနားသို့တက်ရောက်လာကြသည့် တောင်သူများအား မျိုးသန့်မျိုးပွားမျိုးစေ့အဆင့် မကွေးနှမ်းနက် ၂/၁၄ မျိုးစေ့များ လက်ဆောင်ပေးအပ်ခဲ့ကြပါသည်။ ထိုနောက် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် နတ်မောက်မြို့နယ် ဘုန်တော်ပြည့်ကျေးရွာတို့တွင် စမ်းသပ်စိုက်ပျိုးထားသည့် နှမ်းသီးနှံသုတေသန စမ်းသပ်ကွက်များကို လှည်လည်ကြည့်ရှုကြကာ စိုက်မျိုးနည်းစနစ်များနှင့် ပတ်သက်၍ အကဲဖြတ်အမှတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။

မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ(၂၀၂၂) အစီအစဉ်ဖြင့် ဆောင်ရွက်ထားသော နှမ်းသီးနှံသုတေသန စမ်းသပ်ကွက်ကွင်းသရုပ်ပြပွဲကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ချောင်းမကြီးမျိုးသန့်ခြံနှင့်  မလှိုင်မျိုးသန့်ခြံတို့တွင် ကျင်းပပြီးစီးခဲ့ပြီး ယခု နတ်မောက်မြို့နယ်တွင်ကျင်းပပြုလုပ်သော ကွင်းသရုပ်ပြပွဲသည် စတုတ္ထကြိမ်မြောက်ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။၊