စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ
  • Tue, 11 June 2024

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေး စစ်ဆေးရေးဓာတ်ခွဲခန်းသို့သွာရောက်၍ ဓာတ်ခွဲခန်းပညာရှင်များနှင် တွေ့ဆုံပြီး ခေတ်စနစ်နှင့်အညီပြောင်းလဲတိုးတက်လာသော ဓာတ်ခွဲခန်းပညာရပ်အသစ်များ စဉ်ဆက် မပြတ်ဆည်းပူးလေ့လာသွားကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့ပါသည်။

ထိုနောက် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး၊ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံပြီး အဓိကသီးနှံ(၁၀) မျိုး ပန်းတိုင်အထွက်ရရှိရေး၊ ကျရာကဏ္ဍက ပညာရှင်ဆန်သော စွမ်းဆောင်မှုများ ထုတ်ဖော်ပြသရေးလိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ပါသည်။

ထိုမှတစ်ဆင့် မိတ္ထီလာခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ခရိုင်နှင့် မြို့နယ်များမှာလယ်ယာကဏ္ဍာဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်လေးခုမှ ဒေသခံ တောင်သူများအား တွေ့ဆုံပြီး လာမည့်စိုက်ပျိုးရာသီတွင် အထွက်နှုန်းတိုးမြှင့်ရရှိစေရေး ပြုပြင်ဆောင်ရွက်ရမည့်အချက်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ ခဲ့ပါသည်။