၂၀၂၄ ခုနှစ်၊ ဇူလိုင်လ လပတ်အတွက် မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းချက်
  • Wed, 3 July 2024

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ လပတ်အတွက် မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းချက်


တင်ပြသူ - ဦးထက်ဝေထွန်း

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

……………………………………………………………………………....................................

မင်္ဂလာပါခင်ဗျာ -

အခုရက်သတ္တပတ် တင်ပြမှာကတော့ ၂၀၂၄ ခုနှစ်၊ မိုးလယ်ကာလနဲ့ ဇူလိုင်လအတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက်များပဲ ဖြစ်ပါတယ်။

မိုးလယ်ကာလ သက်မှတ်ချက်အနေနဲ့ကတော့ မိုးလယ်ကာလဟာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်နေ့မှ ဝါခေါင်လပြည့်ကျော် ၁၂ ရက်နေ့) အထိ ဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်၀န်း (၄)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အားအသင့်အတင့်မှ အားကောင်း နိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်များအနေနဲ့ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအောက် ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း) တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊  ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

မြစ်ရေအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ မိုးလယ်ကာလ ဇူလိုင်လနဲ့ သြဂုတ်လ တို့မှာ ဧရာဝတီမြစ်ရေဟာ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊   ပခုက္ကူမြို့၊ ညောင်ဦးမြို့နဲ့ ဆိပ်သာမြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၂)ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက် မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊  ကနီမြို့နဲ့ မုံရွာမြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ (၁)ကြိမ်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာ (၁)ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ (၁)ကြိမ်ခန့်နဲ့ မဒေါက်မြို့ မှာ (၂)ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၂)ကြိမ်ခန့်၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဖားဆောင်းမြို့မှာ (၁) ကြိမ်ခန့်နဲ့ ဘားအံမြို့မှာ (၂)ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၂)ကြိမ်ခန့်၊ ငဝန် မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁)ကြိမ်ခန့်၊ ကုလားတန်မြစ်ရေဟာ ကျောက်တော်မြို့မှာ (၁)ကြိမ်ခန့်၊ လေးမြို့ မြစ်ရေဟာ မြောက်ဦးမြို့မှာ (၁)ကြိမ်ခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ (၁)ကြိမ်ခန့် ယင်းမြို့များရဲ့ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါတယ်။

အခုဆက်လက်ပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ လပတ်အတွက် မိုးလေ၀သနှင့် ဇလဗေဒ ခန့်မှန်းချက်များကို တင်ပြပါ့မယ်။

    ဘင်္ဂလားပင်လယ်အော်အခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ ဘင်္ဂလားပင်လယ်အော် မှာလေဖိအားနည်းရပ်၀န်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်း ငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အားအသင့်အတင့် ရှိနိုင်ပါတယ်။

မိုးရွာသွန်းမှု အခြေအနေများအနေနဲ့ကတော့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုး ထစ်ချုန်း ရွာနိုင်ပါတယ်။

      မိုးရွာရက်များအနေနဲ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၂၃ ရက်မှ ၂၉ ရက် ခန့်၊ နေပြည်တော်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ် တို့မှာ ၁၆ ရက်မှ ၂၂ ရက်ခန့်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ ၉ ရက်မှ ၁၅ ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ပါတယ်။

မြစ်ရေခန့်မှန်းချက် အနေနဲ့ကတော့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း ဧရာဝတီမြစ်ရေဟာ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူ မြို့၊ ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေ ဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာ (၁)ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေ မဒေါက်မြို့မှာ (၁)ကြိမ်ခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၁)ကြိမ်ခန့်၊ ပဲခူးမြစ်ရေဟာ ပဲခူး မြို့မှာ (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ (၁)ကြိမ်ခန့်၊ သောင်ရင်း မြစ်ရေဟာ မြဝတီ မြို့မှာ (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာ (၁)ကြိမ်ခန့်၊ တိုးမြစ်ရေဟာ မအူပင် မြို့မှာ (၁)ကြိမ်ခန့်၊ လေးမြို့မြစ်ရေဟာ မြောက်ဦးမြို့မှာ (၁)ကြိမ်ခန့်နဲ့ ဘီးလင်း မြစ်ရေဟာ ဘီးလင်းမြို့မှာ (၁)ကြိမ်ခန့် ယင်းမြို့များရဲ့ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန် ရောက်ရှိနိုင်ပါတယ်။

အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမယ့် ဇူလိုင်လဟာ မိုးလယ်ကာလရဲ့ ပထမလ ဖြစ်ပါတယ်။ အထူးသဖြင့် မိုးလယ်ကာလအတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ မုတ်သုံ မုန်တိုင်းများ ဖြစ်ပေါ်လေ့ရှိပါတယ်။ အနောက်တောင်မုတ်သုံလေကတော့ အားအသင့်အတင့်မှ အားကောင်းနိုင်ပါတယ်။ မုတ်သုံမုန်တိုင်းများ ဖြစ်ပေါ်ပါက မုန်တိုင်းနဲ့အတူ မိုးများပိုမိုရွာသွန်း တတ်ခြင်း၊ မိုးသက်လေပြင်းများ ကျရောက်တတ်ခြင်းတို့ကြောင့် မြန်မာ့ပင်လယ်ပြင်မှာ အဝေး မြင်တာ လျော့နည်းမှုနဲ့ လှိုင်းကြီးမှုများ ကြုံတွေ့နိုင်ပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကုန်း၊ တောင်တန်းဒေသများမှာ လျှပ်တပြတ်ရေကြီးခြင်း၊ မြေပြိုခြင်း ဘေးအန္တရာယ် များကိုလည်း သတိပြုရန် လိုအပ်ပါတယ်။ ဇူလိုင်လအတွင်း မြန်မာနိုင်ငံရှိ မြစ်ကြီးများမှာလည်း စိုးရိမ် ရေမှတ်များသို့ (၁)ကြိမ်ခန့်စီ ကျော်လွန်ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားတာဖြစ်တဲ့ အတွက် မြစ်ကမ်းအနီး နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ရန် လိုအပ်ပါတယ်။

အဲဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်လို့ ကြိုတင်သတိပေးချက် ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အချိန်နဲ့ တစ်ပြေးညီထုတ်ပြန် ပေးသွားမှာ ဖြစ်ပါတယ်။

မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezala.gov.mm သို့လည်းကောင်း၊ မိုးလေဝသ နဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ YouTube Channel သို့လည်းကောင်း၊ နေပြည်တော်မှာ ရှိတဲ့ အလို အလျောက်ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့လည်းကောင်း၊ Call Center 1876 (ext no.5)သို့လည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ် သတင်းစာများ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးတို့မှာ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FM ရေဒီယိုများမှလည်း မိုးလေဝသနဲ့ ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင် ပါတယ်ဆိုတဲ့ အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေခင်ဗျာ။