ယခုနှစ် မိုးစပါးသီးနှံ ဧက(၉.၆)သိန်းတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်
  • Thu, 4 July 2024

ယခုနှစ် မိုးစပါးသီးနှံ ဧက(၉.၆)သိန်းတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်


နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် စိုက်ပျိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ (၁/၂ဝ၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိင်း အစည်းအဝေးကို ဇူလိုင်လ(၄)ရက်နေ့ က နေပြည်တော်ရုံးအမှတ်(၁၅)၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေး ဝန်ကြီးဌာန တိုမှ အမြဲတမ်းအတွင်းဝန်များ ၊ ညွှန်ကြားရေးမှူးချုပ်များ ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်များမှ ဌာနဆိုင်ရာများ၊ အသင်းအဖွဲများ မှ တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သည့် စိုက်ပျိုးရေးလုပ်ငန်းများ၏ အားသာချက် အားနည်းချက်များကို သက်ဆိုင်ရာကဏ္ဍများ အလိုက် တင်ပြဆွေးနွေးခဲ့ကြပြီး ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ အတွက် ဖြည့်ဆည်းဆောင်ရွက်သင့်သည့်လုပ်ငန်းများနှင့် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ 

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က ပြည်ထောင်စုအဆင့် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ၊ စိုက်ပျိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီ ၊ မွေးမြူရေးလုပ်ငန်းများအကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီ ၊ စိုက်ပျိုးမွေးမြူရေးစီမံကိန်းစိစစ်သုံးသပ်ရေးအဖွဲများ ဖွဲစည်း၍ စီမံကိန်း လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

 ၂၀၂၂-၂၀၂၃ ခုနှစ် ပဲတီစိမ်း နှင့် နွေစပါးစီမံကိန်းအား နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန် နှင့် ဧရာဝတီတိုင်းဒေသကြီးတိုတွင် ဆောင်ရွက် ခဲ့ရာ ပဲတီစိမ်းသီးနှံ နှင့် နွေစပါးသီးနှံအတွက် စုစုပေါင်းကျပ် (၁၇၄ ဒသမ ၁၈) ဘီလီယံ သုံးစွဲနိုင် ခဲ့ပြီး ချေးငွေများ အားလုံး ပြန်လည်ရရှိပြီးဖြစ်ကြောင်း၊ အဆိုပါ ချေးငွေ ပြန်လည်ကောက်ခံ ရရှိငွေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးစီမံကိန်းအား နေပြည်တော် ကောင်စီ နယ်မြေ၊ ကချင် မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်များ နှင့် တနင်္သာရီ၊ ပဲခူး ၊ မကွေး ၊ ရန်ကုန် ၊ ဧရာဝတီ တိုင်းဒေသကြီးတိုတွင် (၁၃၄ ဒသမ ၂၁၃) ဘီလီယံ အသုံးပြု ဆောင်ရွက်ခဲ့ပြီး၊ ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးစီမံကိန်းကို နေပြည်တော် ကောင်စီ နယ်မြေ၊ ပဲခူး ၊ မကွေး၊ မန္တလေး၊ ရန်ကုန် နှင့် ဧရာဝတီတိုင်းဒေသကြီးတိုတွင် (၁၄၇ ဒသမ ၈၉၇) ဘီလီယံ အသုံးပြု ဆောင်ရွက်ခဲ့ ကြောင်း၊ ဆက်လက်၍ ၂ဝ၂၄-၂၀၂၅ မိုးစပါးသီးနှံအား နေပြည်တော်၊ကချင်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရခိုင်၊ ရန်ကုန်၊ရှမ်း၊ ဧရာဝတီ ဒေသများတွင် စုစုပေါင်းဧက (၉ ဒသမ ၆) သိန်း အား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ဆီထွက်သီးနှံ စီမံကိန်း အား ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းဆီထွက်သီးနှံရာသီတွင် တိုင်းဒေသကြီး ပြည်နယ် (၉)ခု၌ ရန်ပုံငွေ (၄၈ ဒသမ ၆၀)ဘီလီယံသုံးစွဲ၍ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ခုနှစ် မိုးမြေပဲသီးနှံစိုက်ပျိုးခြင်းကို နေပြည်တော်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရှမ်း၊ ဧရာဝတီ ဒေသများ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စုစုပေါင်းဧက (၁ ဒသမ ၀၈)သိန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။