စိုက်ပျိုးရေးဦးစီးဌာန ၏ တောင်သူပညာပေးလုပ်ငန်းများကို ICT နည်းပညာဖြင့် တိုးမြှင့်ဆောင်ရွက်
  • Thu, 18 July 2024

စိုက်ပျိုးရေးဦးစီးဌာန ၏ တောင်သူပညာပေးလုပ်ငန်းများကို ICT နည်းပညာဖြင့် တိုးမြှင့်ဆောင်ရွက်


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန သည် တောင်သူပညာပေးလုပ်ငန်းများနှင့် စိုက်ပျိုးစီးပွားဆိုင်ရာသတင်းအချက်အလက်များကို တောင်သူများ၊ လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်း တွင်ပါဝင် ဆောင်ရွက် နေသူများ အတွက် အချိန်နှင့်တပြေးညီ သိရှိနိုင်ကြစေရန် ICT နည်းပညာများဖြင့် တိုးမြှင့်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရပါသည်။




စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ပုံနှိပ်မီဒီယာများအပြင် ICT နည်းပညာများဖြင့် Tiktok , Website, TV , Radio , Telegram , Facebook များမှ နည်းပညာနှင့် စိုက်ပျိုးရေး ဈေးကွက်အခြေအနေ၊ သီးနှံပေါက်ဈေးများကို လွှင့်တင်၍ဆောင်ရွက်သွားရန် လုပ်ငန်းညှိနှိုင်း ဆွေးနွေးခြင်းကို ယနေ့မွန်းလွဲ ၂ နာရီအချိန်တွင် စိုက်ပျိုးရေးဦးစီးဌာန ရုံးချုပ် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ နှင့် သတင်းအချက်အလက်နှင့် နည်းပညာ ဆောင်ရွက်ကြမည့် ပညာရှင်ဝန်ထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။