ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း လယ်ဝေးမြို့နယ် စက်မှု ၊ စိုက်ပျိုး ၊ မွေးမြူရေး တွဲဖက် အထက်တန်း ကျောင်းကို ကြည့်ရှုအားပေး
  • Wed, 31 July 2024

ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း လယ်ဝေးမြို့နယ် စက်မှု ၊ စိုက်ပျိုး ၊ မွေးမြူရေး တွဲဖက် အထက်တန်း ကျောင်းကို ကြည့်ရှုအားပေး


၂၀၂၄-၂၀၂၅ပညာသင်နှစ်တွင် စက်မှု ၊ စိုက်ပျိုး ၊ မွေးမြူရေး တွဲဖက် အထက်တန်း ကျောင်း (၈၅)ကျောင်းကို ဖွင့်လှစ်ခဲ့ပြီး စိုက်ပျိုးရေးဘာသာရပ်ကို KG+10 ကျောင်းသား ကျောင်းသူ(၁၃၂၄)ဦး နှင့် KG+11 ကျောင်းသား ကျောင်းသူ (၉၂၀) ဦး စုစုပေါင်း (၂၂၄၄)ဦး သင်ယူလျက်ရှိကြသည်။

ဇူလိုင်လ (၃၁)ရက်နေ့ ညနေပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း သည် လယ်ဝေးမြို့နယ် စက်မှု ၊ စိုက်ပျိုး ၊ မွေးမြူရေး တွဲဖက် အထက်တန်း ကျောင်းသို့ သွားရောက်ပြီး ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ၍ စိုက်ပျိုး မွေးမြူရေးဘာသာရပ်နှင့်ပတ်သက်၍ ဤ,သည် မရွေ့ကျက်မှတ်ဖြေဆိုရန် မလိုအပ်ပဲ အခြေခံအနေဖြင့် လက်တွေ့လေ့လာပြီး ဖြေဆိုနိုင်မည်ဖြစ်ကြောင်း၊ ကျောင်း တွင် စာတွေ့လက်တွေ့ လေ့လာသင်ယူခဲ့မှုများကို မိဘလက်ငုတ် လယ်ယာလုပ်ငန်းတွင် အသုံးချဆောင်ရွက်ခြင်း ၊ ကိုယ်ပိုင် စိုက်ပျိုးမွေးမြူထုတ်လုပ်ပြီး လယ်ယာ စီးပွားလုပ်ငန်း ရှင်များအဖြစ် ဆောင်ရွက်ခြင်း၊ အစိုးရ ဌာနများ စိုက်ပျိုးရေးကုမ္ပဏီများ မျိုးစေ့ကုမ္ပဏီများ တွင် ပညာရှင် ဝန်ထမ်းများအဖြစ် ဆောင်ရွက် စသဖြင့် နယ်ပယ်စုံ ကဏ္ဍစုံတွင် အောင်မြင်စွာရပ်တည်နိုင်ကြစေရန် ရည်ရွယ် သင်ကြား ပေးခြင်းဖြစ်သကဲ့သို့ ထူးချွန်မှု အလိုက် သိပ္ပံကျောင်းများနှင့် ဘွဲ့ကြို ဘွဲ့လွန် ပါရဂူတန်း အထိ ပေါက်မြောက် အောင်မြင်အောင် ဆက်လက်ကြိုးပမ်းနိုင်ကြသည့် အခွင့်အလမ်းကောင်း များစွာ ရှိနေခြင်းကြောင့် ကျောင်းသားကျောင်းသူများ အနေဖြင့် အားထုတ် ကြိုးပမ်းကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။ 

နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးဇံ နှင့်အတူ စာသင်ခန်းများ၊ လက်တွေ့စိုက်ကွင်းများအား ကြည့်ရှုအားပေးကြပြီး လိုအပ်ချက်များ ဖြည့်ဆည်းပံ့ပိုးပေးခဲ့ကြောင်း သတင်းရရှိသည်။