နှမ်းသီးနှံ မျိုးစေ့ထုတ်လုပ်ခြင်းနှင့် မျိုးစေ့ အရည် အသွေးထိန်းသိမ်းခြင်း သင်တန်း တက်ရောက်နေသူများ ဆီထွက်သီးနှံ သုတေသနစိုက်ခင်းများကို ကွင်းဆင်းလေ့လာ
  • Wed, 31 July 2024

နှမ်းသီးနှံ မျိုးစေ့ထုတ်လုပ်ခြင်းနှင့် မျိုးစေ့ အရည် အသွေးထိန်းသိမ်းခြင်း သင်တန်း တက်ရောက်နေသူများ ဆီထွက်သီးနှံ သုတေသနစိုက်ခင်းများကို ကွင်းဆင်းလေ့လာ


စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ အစီအစဉ် (၂၀၂၂)အထောက်အပံ့ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသော “မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ချောင်းမကြီး မျိုးသန့်ခြံအား အဆင့်မြှင့်တင်ခြင်းဖြင့် နှမ်းမျိုးစေ့ထုတ်လုပ်မှု တိုးတက် စေရေး စီမံကိန်း” ၏ လုပ်ငန်းစဉ် တစ်ခုဖြစ်သည့် “နှမ်းသီးနှံမျိုးစေ့ထုတ်လုပ်ခြင်းနှင့် မျိုးစေ့ အရည် အသွေးထိန်းသိမ်းခြင်း” သင်တန်းကို ပျော်ဘွယ် မြို့နယ်၊ ချောင်းမကြီးမျိုးသန့်ခြံတွင် ဇူလိုင်လ ၂၉ရက်နေ့က ဖွင့်လှစ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်၊ ရမည်းသင်း၊ တံတားဦး၊ မကွေးတိုင်းဒေသကြီး မကွေး၊ မင်းဘူး၊ မင်းလှ၊ စလင်း၊ ပွင့်ဖြူ၊ နတ်မောက်၊ အောင်လံမြို့နယ်တို့မှ တောင်သူ(၄၅)ဦး နှင့် ဝန်ထမ်း(၂၀)ဦး သင်တန်းသား သင်တန်းသူ စုစုပေါင်း (၆၅)ဦး တို့တက်ရောက် လေ့လာလျက်ရှိကြသည်။




ဇူလိုင်လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိဖွင့်လှစ်ပို့ချပေးမည့် အဆိုပါ သင်တန်းတွင် တက်ရောက်လေ့လာလျက်ရှိကြသည့် သင်တန်းသား သင်တန်းသူများသည် ယနေ့ နံနက်ပိုင်း တွင် ချောင်းမကြီးမျိုးသန့်ခြံ အတွင်းရှိ နှမ်းမျိုးစေ့ထုတ် စိုက်ခင်းများ၊ ရေဆင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ ဆီထွက်သီးနှံ သုတေသနစိုက်ခင်းများ၊ မျိုးစေ့ဘဏ် နှင့် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံ ကျောင်းဝန်း အတွင်းရှိ မျိုးစေ့ဓာတ်ခွဲခန်း စိုက်ကွင်းတွင် စမ်းသပ် စိုက်ပျိုးထားသော ဆီထွက် ပဲပုပ်(၇)မျိုး သုတေသန စိုက်ခင်းများအား လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြပြီး နည်းပညာရပ်ဆိုင်ရာ သိမှတ် ဖွယ်ရာများကို ရင်းနှီးခင်မင်စွာဖြင့် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။